ဂျေဇီနှင့် ဘီယွန်စေးတို့ ဇနီးမောင်နှံနှစ်ဦး ကမ္ဘာလှည့်ဖျော်ဖြေမည်ဟု အတည်ပြု

ဂျေဇီနှင့် ဘီယွန်စေးတို့ ဇနီးမောင်နှံနှစ်ဦး ကမ္ဘာလှည့်ဖျော်ဖြေမည်ဟု အတည်ပြု

 

နာမည်ကျော်အဆိုတော်နှစ်ဦးဖြစ်သည့် ဘီယွန်စေးနှင့် ဂျေဇီတို့ဇနီးမောင်နှံသည် On The Run II ဟူသော ခေါင်းစဉ်ဖြင့် အတူတကွ ကမ္ဘာလှည့်ဖျော်ဖြေပွဲပြုလုပ်သွားမည်ဟု အတည်ပြုခဲ့သည်။

အဆိုပါကြေညာချက်ကို ဘီယွန်စေး၏ အင်စတာဂရမ်စာမျက်နှာ၌ သူမတို့ဇနီးမောင်နှံနှစ်ဦးပါဝင်သော ဗီဒီယိုဖိုင်ကိုတင်ခဲ့ပြီး လာမည့်ဇွန်လမှစတင်၍ နယ်လှည့်ဖျော်ဖြေပွဲခရီးစဉ်ကို စတင်သွားမည်ဟု အတည်ပြု ပေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သောအင်္ဂါနေ့က ဘီယွန်စေး၏ဖေ့စ်ဘုတ်စာမျက်နှာနှင့် Tickemaster ဖျော်ဖြေရေးကုမ္ပဏီ၏ စာမျက်နှာတို့ ၌ နယ်လှည့်စာရင်းများတင်နေသည်ကို တွေ့ခဲ့ရပြီးနောက် ပရိသတ်များက ဘီယွန်စေးနှင့် ဂျေဇီတို့ဇနီးမောင်နှံ နှစ်ဦး အတူတကွနယ်လှည့်ဖျော်ဖြေရန် ပြင်ဆင်နေကြသည်ဟု ခန့်မှန်းခဲ့ကြသည်။

ဘီယွန်စေးနှင့် ဂျေဇီတို့သည် လွန်ခဲ့သော ၂၀၁၄ ခုနှစ်ကလည်း On The Run ဟူသော ခေါင်းစဉ်ဖြင့် အတူတကွ နယ်လှည့်ဖျော်ဖြေခဲ့ဖူးကြပြီး ထိုစဉ်က သူတို့၏ခရီးစဉ်ထဲ၌ ဗြိတိန်မပါဝင်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း ယခုအခါတွင် ဘီယွန်စေးနှင့် ဂျေဇီတို့သည် မြောက်အမေရိကားနှင့် ဥရောပတစ်ခွင် ဖျော်ဖြေရန် စီစဉ်ထားပြီး ဗြိတိန်၌ လာမည့်ဇွန်လတွင် ၄ ကြိမ်ခန့် ဖျော်ဖြေမည်ဟု သိရသည်။

Ref: BBC

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags