လီဗာပူးလ်တိုက်စစ်မှူးဆာလက် ပြောင်းရွှေ့ကြေးတန်ဖိုးအမြင့်တက်ဆုံးကစားသမားဖြစ်လာ

လီဗာပူးလ်တိုက်စစ်မှူးဆာလက် ပြောင်းရွှေ့ကြေးတန်ဖိုးအမြင့်တက်ဆုံးကစားသမားဖြစ်လာ

 

မတ် ၁၃၊ လီဗာပူးလ်။                        ။ လီဗာပူးလ်တိုက်စစ်မှူး ဆာလက်သည် ၆ လအတွင်း ဥရောပထိပ်သီးလိဂ်များမှအခြားကစားသမားများထက် ပြောင်းရွှေ့ကြေး တန်ဖိုးအမြင့်တက်ဆုံး ကစားသမားတစ်ယောက်ဖြစ်လာသည်ဟု အချက်အလက်တစ်ခုက ဖော်ပြထားသည်။

အီဂျစ်တိုက်စစ်မှူး၏ ဈေးကွက်တန်ဖိုးမှာ ယူရို ၇၄ ဒသမ ၇ သန်းတိုးတက်လာခဲ့ရာ ယူရို ၁၆၂ ဒသမ ၈ သန်းဖြစ်လာခဲ့သည်။ အသက် ၂၅ နှစ်အရွယ် ဆာလက်မှာ ပရီးမီးယားလိဂ်တွင် သွင်းဂိုး ၂၄ ဂိုးဖြင့်ဂိုးသွင်းအများဆုံးစာရင်းကို ဦးဆောင်နေသည်။

CIES က ထုတ်ပြန်သည့်စာရင်းတွင် ထိပ်ဆုံး ၁၀ ဦးအတွင်း ပရီးမီးယားလိဂ်ကစားသမား ၆ ဦးပါဝင်နေပြီး မန်စီးတီးမှ အီဒါဆင် နှင့် ဆာနေးတို့မှာ အဆင့် ၂ နှင့် ၃ နေရာ၌ ရှိနေကြသည်။

လီဗာပူးလ်သို့ ပေါင် ၃၄ သန်းဖြင့် ဆာလက်ပြောင်းရွှေ့ပြီးနောက် CIES သည် ၂၀၁၇၊ စက်တင်ဘာတွင် ဆာလက်၏တန်ဖိုးကို ယူရို ၈၈ ဒသမ ၁ သန်းမှ စတင်သတ်မှတ်ခဲ့သည်။

ဥရောပထိပ်သီးကလပ်များ၏စိတ်ဝင်စားခြင်းကိုခံနေရသည့် စွမ်းဆောင်ရည်မြင့် လာဇီယိုကွင်းလယ်ကစားသမား အသက် ၂၂ ရှိ ဆာဗစ်သည်လည်း ထိပ်ဆုံး ၁၀ ဦးစာရင်းတွင်ပါဝင်နေသည်။

တန်ဖိုးတက်လာသည့် ထိပ်ဆုံး ၁၀ ဦး

အမည်                     အသင်း          တက်လာသည့်တန်ဖိုး (ယူရို)     ခန့်မှန်းပြောင်းရွှေ့ကြေး (ယူရို)

ဆာလက်                  လီဗာပူးလ်       ၇၄ ဒသမ ၇ သန်း                 ၁၆၂ ဒသမ ၈ သန်း

အီဒါဆင်                   မန်စီးတီး         ၇၄ ဒသမ ၄ သန်း                 ၉၈ ဒသမ ၇ သန်း

လီရွိုင်းဆာနေး            မန်စီးတီး         ၆၃ သန်း                            ၁၅၁ ဒသမ ၂ သန်း

အမ်ဘက်ပေး             ပီအက်စ်ဂျီ       ၅၄ ဒသမ ၇ သန်း                 ၁၈၈ ဒသမ ၅ သန်း

ဂျေဆူး                     မန်စီးတီး         ၅၃ ဒသမ ၁ သန်း                 ၁၀၅ ဒသမ ၉ သန်း

ဂိုမက်ဇ်                    လီဗာပူးလ်       ၄၈ ဒသမ ၃ သန်း                 ၅၇ ဒသမ ၃ သန်း

ပေါ်လင်ဟို                ဘာစီလိုနာ      ၄၂ ဒသမ ၄ သန်း                 ၅၂ ဒသမ ၄ သန်း

ဒေဗစ်ဆင်ဆန်းချက်ဇ်    စပါး              ၄၂ ဒသမ ၂ သန်း                 ၇၇ ဒသမ ၆ သန်း

ဆာဗစ်                     လာဇီယို                   ၄၀ ဒသမ ၇ သန်း                 ၇၀ ဒသမ ၅ သန်း

သောဗင်                   မာဆေး          ၃၈ ဒသမ ၄ သန်း                 ၈၂ ဒသမ ၄ သန်း

Ref; BBC              

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly