ကျောင်းသား ၄၃ ဦး ပျောက်ဆုံးခဲ့မှုနှင့်ပက်သက်၍ အဓိကသံသယရှိရသူတစ်ဦးကို မက္ကစီကိုဖမ်းဆီး

ကျောင်းသား ၄၃ ဦး ပျောက်ဆုံးခဲ့မှုနှင့်ပက်သက်၍ အဓိကသံသယရှိရသူတစ်ဦးကို မက္ကစီကိုဖမ်းဆီး

 

မက္ကစီကိုစီးတီး၊ မက္ကစီကို၊ မတ် ၁၃ ။                     ။ လွန်ခဲ့သော ၂၀၁၄ ခုနှစ်က ကျောင်းသား ၄၃ ဦးခန့် ပျောက်ဆုံးသွားခဲ့ပြီး ကွပ်မျက်ခံခဲ့ရသည်ဟု သံသယရှိရ သော အမှုနှင့်ပက်သက်၍ အဓိကအရေးပါသော သံသယတရားခံအမျိုးသားတစ်ဦးကို တနင်္လာနေ့က ဖမ်းဆီး နိုင်ခဲ့ကြောင်း မက္ကစီကိုအာဏာပိုင်များက ဆိုခဲ့သည်။

အဲရစ်အူရီရယ်အဲန်ဟု ခေါ်ဝေါ်သော သံသယတရားခံသည် ဂွေရာရော့စ်အူနီဒေါ့စ်မူးယစ်ဂိုဏ်းအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး မက္ကစီကိုတောင်ပိုင်းရှိ အီဂွါလာမြို့မှ ကျောင်းသားများ ပျောက်ဆုံးသွားခဲ့သောအမှုတွင် အဓိကကျသော နေရာမှပါဝင်ခဲ့သူတစ်ဦးဖြစ်သည်ဟု အစိုးရရှေ့နေရုံးမှ အရာရှိကြီး အယ်ဖရီဒိုဟီဂွေးရားက သတင်းစာရှင်းလင်း ပွဲ၌ ပြောခဲ့သည်။

“အီဂွါလာမြို့က လမ်းမတွေပေါ်မှာပြုလုပ်တဲ့ ပွဲတွေအပြီးမှာ ကျောင်းသားတွေနဲ့ တိုက်ရိုက်အဆက်အသွယ်ရှိခဲ့ တဲ့ သံသယတရားခံကို ရှာတွေ့ခဲ့ပါတယ်” ဟု သူက ဆိုခဲ့သည်။

လွန်ခဲ့သော ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က ကျောင်းသား ၄၃ဦးခန့် ထူးဆန်းစွာပျောက်ဆုံးသွား ခဲ့သော မဖြေရှင်းနိုင်သေးသည့်ဖြစ်စဉ်နှင့်ပက်သက်၍ မက္ကစီကိုပြည်သူများမှာ ထိတ်လန့်တုန်လှုပ်နေဆဲ ဖြစ် သည်။ ထိုကျောင်းသားများသည် ထိုစဉ်က ၎င်းတို့အားဆန္ဒပြပွဲသို့ပို့ဆောင်ပေးရန် ဘတ်စ်ကားအချို့အား ချောဆွဲခဲ့ပြီးနောက် ထို့နောက်တွင် ဒေသတွင်းရဲတပ်ဖွဲ့၏ တိုက်ခိုက်မှုကိုခံခဲ့ရသည်။

ရဲအရာရှိများသည် ကျောင်းဆရာလောင်းများဖြစ်ကြသည့် ထိုကျောင်းသား ၄၃ဦးခန့်ကို ဂွေရာရော့စ်အူနီဒေါ့စ် ဂိုဏ်းမှ လူဆိုးများထံသို့လွှဲပေးခဲ့ပြီး ထိုလူဆိုးများက ၎င်းတို့အားသတ်ဖြတ်ခဲ့ကာ အလောင်းများကို မီးရှို့ဖျက်စီး ခဲ့ပြီး ကျန်ရစ်သောအပိုင်းအစများကို မြစ်ထဲသို့မျှောပစ်ခဲ့သည်ဟု ကနဦးက အစိုးရရှေ့နေများက ပြောခဲ့ကြ သည်။

ဒါ့အပြင် ကျောင်းသားတစ်ဦး၏ အရိုးအကြွင်းအကျန်ကို တာဝန်ရှိသူများက ရှာတွေ့ခဲ့ပြီး ထိုကျောင်းသား မည်သူမည်ဝါဖြစ်သည်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း အမေရိကန်လူ့အခွင့်အရေးကော်မရှင်အဖွဲ့မှ လွတ်လပ်သောကျွမ်းကျင်ပညာရှင်များက အစိုးရတာဝန်ရှိသူများ၏ ထိုသို့သုံးသပ်ချက်ကို ငြင်းဆန်ပယ်ချခဲ့ကြသည်။

ဟီဂွေးရား၏အဆိုအရ အဲရစ်အူရီရယ်အဲန်သည် ဒေါ်လာ ၈ သောင်းခန့် ဆုငွေထုတ်ခံထားရသော သံသယ တရားခံ ၅ ဦးထဲမှ တစ်ဦးဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly