စစ်မှုထမ်းတာဝန် စတင်ထမ်းဆောင်ပြီဖြစ်သည့် BIGBANG အဖွဲ့ဝင် တေးယန်

စစ်မှုထမ်းတာဝန် စတင်ထမ်းဆောင်ပြီဖြစ်သည့် BIGBANG အဖွဲ့ဝင် တေးယန်

 

တောင်ကိုရီးယားအမျိုးသားပေါ့ပ်ဂီတအဖွဲ့ BIGBANG မှ အဖွဲ့ဝင်အဆိုတော်တေးယန်သည် ယခုအခါတွင် စစ်မှုထမ်းတာဝန်ကို စတင်ထမ်းဆောင်ပြီဖြစ်သည်။

မတ်လ ၁၂ ရက်နေ့ ဒေသစံတော်ချိန် နေ့လည် ၁း၄၅ နာရီခန့်တွင် တေးယန်သည် အမှတ် ၆ ခြေလျင်တပ်ရှိ တပ်သားသစ်လေ့ကျင့်ရေးစင်တာသို့ သွားရောက်ကာ စာရင်းပေးသွင်းခဲ့သည်။

ထိုသို့စာရင်းမပေးမီတွင် တေးယန်သည် သူ၏အေဂျင်စီဖြစ်သော YG Entertainment မှ ဝန်ထမ်းများနှင့် သူ့ကို စောင့်ဆိုင်းနေကြသော ပရိသတ်များကို နှုတ်ဆက်ခဲ့သည်။ ဒါ့အပြင် သူ့ကိုလာရောက်စောင့်ဆိုင်းနေကြသော ကိုရီးယားနိုင်ငံသားမဟုတ်သည့် ပရိသတ်များကိုလည်း နှုတ်ဆက်စကားပြောကြားကာ လက်ဆွဲနှုတ်ဆက်ခဲ့ သည်။

ထို့နောက်တွင် တေးယန်သည် ပရိသတ်များရှေ့သို့မျက်နှာမူပြီး “ကျနော် ကောင်းမွန်စွာပြန်လာမှာပါ” ဟု ဦးညွတ်နှုတ်ဆက်ခဲ့သည်။

ဒါ့အပြင် စစ်မှုထမ်းရန်စာရင်းမပေးမီတွင် တေးယန်သည် သူ၏အင်စတာဂရမ်မှတဆင့် ပရိသတ်များကို နှုတ်ဆက်ခဲ့ပြီး “ကျနော် ကောင်းကောင်းမွန်မွန်ပြန်လာပါ့မယ်။ အားလုံးလည်း ပန်းခင်းတဲ့လမ်းကို လျှောက် လှမ်းလိုက်ပါဦး” ဟု ရေးသားခဲ့သည်။

Flower Road ဟု ခေါင်းစဉ်ပေးထားသော BIGBANG ၏ သီချင်းအသစ်တစ်ပုဒ်သည် နောက်ထပ်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒေးဆန်း စစ်မှုထမ်းမည့် မတ်လ ၁၃ ရက်နေ့ ညနေ ၆ နာရီတွင် ထွက်ရှိမည်ဟု သိရသည်။

Ref: Soompi

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly