ချီလီသမ္မတအဖြစ် ဘီလျံနာသူဌေးကြီး ပစ်နေးရား ကျမ်းသစ္စာ ကျိန်ဆို

ချီလီသမ္မတအဖြစ် ဘီလျံနာသူဌေးကြီး ပစ်နေးရား ကျမ်းသစ္စာ ကျိန်ဆို

 

မတ် ၁၂ ။             ။ ချီလီနိုင်ငံမှာတော့ သမ္မတဟောင်းတစ်ဦးဖြစ်သလို ကွန်ဆာတေးဗစ်ပါတီဝင်လည်း ဖြစ်တဲ့ ဘီလျံနာသူဌေးကြီး ဆီဘတ်စတီယန် ပစ်နေးရားက ပြီးခဲ့တဲ့ မတ် ၁၁ ရက်မှာ နိုင်ငံရဲ့ သမ္မတအဖြစ် နောက်တစ်ကြိမ် ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပြီ ဖြစ်ပါတယ်။

ဒါဟာ သူဌေးကြီး ပစ်နေးရားအတွက်ကတော့ ၎င်းအရင်သမ္မတဟောင်း မီရှဲလ် ဘက်ချ်လက်နေရာကို အစားဝင်ပြီး ဒုတိယအကြိမ်မြောက်အဖြစ် သမ္မတ တာဝန်ကို ပြန်လည်ထမ်းဆောင်တာလည်း ဖြစ်ပါတယ်။

လက်ရှိ သမ္မတဖြစ်လာတဲ့ ပစ်နေးရားဟာဆိုရင် ယင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၀ ကနေ ၂၀၁၄ အထိ သမ္မတ တာဝန်ထမ်းခဲ့သူ ဖြစ်ပါတယ်။ ယခု ၎င်းရဲ့ လက်ထက်မှာ နိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အလုပ်အကိုင်တွေ ပိုမိုဖန်တီးနိုင်ဖို့အတွက် လုပ်ဆောင်ပေးသွားမယ်လို့ ကတိပြုသွားပါတယ်။

အလားတူ ဆိုရှယ်လစ်သမ္မတဟောင်း ဘက်ချ်လက်ကလည်း သမ္မတသစ်ဖြစ်လာတဲ့ ပစ်နေးရားကို နှုတ်ဆက်အနမ်းပေးပြီးနောက် သူမရဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့အတူ ကွန်ဂရက်ကနေ ထွက်ခွာသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ချီလီရွေးကောက်ပွဲအတွင်းမှာတော့ ကွန်ဆာတေးဗစ်ပါတီက မဲအပြတ်အသတ်အနိုင်ရခဲ့ပြီးနောက် ယခုလို မတ်လ ၁၁ ရက်မှာပဲ ဘီလျံနာသူဌေးကြီး ပစ်နေးရားက သမ္မတသစ်အဖြစ် ကျမ်းကျိန်ခဲ့တာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required