သမ္မတရှီကျင်းဖျင်အား အကန့်အသတ်မရှိ အုပ်ချုပ်ခွင့်ပေးရန် တရုတ်ပါလီမန်အတည်ပြု

သမ္မတရှီကျင်းဖျင်အား အကန့်အသတ်မရှိ အုပ်ချုပ်ခွင့်ပေးရန် တရုတ်ပါလီမန်အတည်ပြု

 

ပေကျင်း၊ တရုတ်၊ မတ် ၁၁ ။           ။ တရုတ်ပါလီမန်က သမ္မတသက်တမ်းကန့်သတ်ချက်ကို တနင်္ဂနွေနေ့တွင် ဖျက်သိမ်းခဲ့သည့်အတွက် လက်ရှိ တရုတ်သမ္မတရှီကျင်းဖျင်သည်   နိုင်ငံအားအကန့်အသတ်မရှိ အုပ်ချုပ်နိုင်တော့မည်ဖြစ်ပြီး တရုတ်နိုင်ငံအား စီးပွားရေးနှင့် စစ်ရေးအရ အင်အားကြီးနိုင်ငံဖြစ်လာဖို့ ပြုပြင်ပြောင်းလဲတွင် ရှီအား အာဏာကုန်ပေးအပ်နိုင် တော့မည်ဖြစ်သည်။

ယင်းသို့လုပ်ဆောင်လိုက်သည့်အတွက် လူတစ်ဦးတည်းအုပ်ချုပ်ခဲ့သော တရုတ်ကွန်မြူနစ်တည်ထောင်သူ ဖခင်ကြီးမော်စီတုန်းအလွန် ပဋိပက္ခဖြစ်ပွားမှုများကို တည်ငြိမ်သွားအောင်ရည်ရွယ်ကာ စုပေါင်းအုပ်ချုပ်မှုစနစ် နှင့် စနစ်တကျ အာဏာဆက်ခံရန်ပုံစံချပေးခဲ့သည့် တရုတ်နိုင်ငံ၏အဓိပတိခေါင်းဆောင်ကြီးတစ်ဦးဖြစ်သော တိန့်ရှောင်ဖိန်၏ ရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီ ဖြစ်သည်။

ပါလီမန်အတွင်းရှိ ကိုယ်စားလှယ် ၂၉၅၈ ဦးက ထောက်ခံအတည်ပြုပေးခဲ့ပြီးနောက် အခြေခံဥပဒေ၏ သမ္မတရာထူးသက်တမ်းပြဌာန်းချက်အား ယခုလို သမိုင်းဝင်ပြင်ဆင်နိုင်ခဲ့ခြင်းသည်။

ရှီသည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးထဲ၌ အနီရောင်မဲသေတ္တာထဲမှ မဲစာရွက်များအား ဖွင့်လှစ်ဖတ်ရှု သည်ကို မတ်တပ်ရပ်၍ကြည့်ရှုခဲ့ပြီး သမ္မတသက်တမ်း ၅နှစ်ကို ၂ကြိမ်အုပ်ချုပ်ခွင့်ရှိကြောင်း ပြဌာန်းထားသည့် အခြေခံဥပဒေအား ပြင်ဆင်ရန် ထောက်ခံသောမဲတစ်ခုရတိုင်း အမျိုးသားပြည်သူ့ကွန်ဂရက်မှ ကိုယ်စားလှယ် များက သြဘာပေးခဲ့ကြသည်။

၁၄ နှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် အခြေခံဥပဒေအားပြင်ဆင်ခြင်းကြောင့် ရာစုနှစ် နှစ်ဝက်နီးပါးခန့် တည်ရှိနေသည့် ကွန်မြူနစ်ပါတီ၏ ဖိအားကြောင့်လိုက်နာရသောအမိန့်များကို ပြဌာန်းပေးနေသော ဥပဒေပြု လွှတ်တော်အတွင်း၌ ပြောင်းလဲမှုများပေါ်ပေါက်လာမည်ဟုလည်း အများကမျှော်လင့်နေကြသည်။

“ဒါဟာလက်ရှိ သာမန်ပြည်သူတွေရဲ့ အရေးတကြီးလိုအပ်နေတဲ့ ဆန္ဒပဲဖြစ်ပါတယ်” ဟု အရှေ့မြောက်ပိုင်း ဟီလောင်ကျန်ခရိုင်မှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကျူရှီကွင်က ဆိုခဲ့ပြီး ယခုလိုအခြေခံဥပဒေအား ပြင်ဆင်ရန် ပြည်သူအများ၏ တစ်ညီတစ်ညွတ်တည်းထောက်ခံမှုကို ရရှိခဲ့သည်ဟု ပြောခဲ့သည်။

အသက် ၆၄ နှစ်အရွယ်ရှိ ရှီသည် လွန်ခဲ့သော ၂၀၁၂ခုနှစ်တွင် နိုင်ငံ၏အကြီးဆုံးရာထူးဖြစ်သော တရုတ် ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ခန့်အပ်ခံလိုက်ရကတည်း အင်အားအခိုင်အမာရရှိခဲ့သူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required