မြောက်ကိုရီးယားတို့ဘက်မှ ငြိမ်းချမ်းရေးရယူချင်နေသည်ဟု ထရမ့်ယုံကြည်

မြောက်ကိုရီးယားတို့ဘက်မှ ငြိမ်းချမ်းရေးရယူချင်နေသည်ဟု ထရမ့်ယုံကြည်

 

အမေရိကန်၊ မတ် ၁၁ ။               ။ အမေရိကန်သမ္မဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားတို့အနေဖြင့် ငြိမ်းချမ်းရေးရယူချင်နေသည်ဟု သူယုံကြည် ကြောင်း စနေနေ့တွင်ပြောဆိုခဲ့ပြီး သူနှင့်ကင်မ်ဂျုံအမ်းတို့ သမိုင်းဝင်တွေ့ဆုံဆွေးနွေးရန် သဘောတူညီမှုရရှိခဲ့ သည့်အတွက် မြောက်ကိုရီးယားတို့အား ချီးကျူးစကားပြောဆိုခဲ့သည်။

“သူတို့အနေနဲ့ ငြိမ်းချမ်းရေးရယူချင်နေတယ်လို့ ကျနော်ထင်ပါတယ်။ ငြိမ်းချမ်းရေးယူရမယ့် အချိန်ရောက်ပြီလို့ လည်း ကျနော်ယူဆပါတယ်” ဟု ထရမ့်က ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၌ သူ့ကိုထောက်ခံသောလူအုပ်ကြီး အား မိန့်ခွန်းပြောကြားစဉ်ခိုက် ထည့်သွင်းပြောဆိုခဲ့သည်။

ဒါ့အပြင် သမိုင်းဝင်တွေ့ဆုံဆွေးနွေးပွဲကျင်းပရန် နှစ်ဖက်တာဝန်ရှိသူများကစီစဉ်နေစဉ်တွင် မြောက်ကိုရီးယား တို့အနေဖြင့် ဒုံးပျံပစ်လွှတ်စမ်းသပ်မှုများ ပြုလုပ်မည်မဟုတ်ဟု သူယုံကြည်ကြောင်း ထရမ့်က ဆိုခဲ့သည်။

“ကျနော်တို့ဘက်က အင်အားအပြည့်နဲ့ အားကောင်းတဲ့ကြိုးပမ်းမှုများကို ပြသခဲ့ပါတယ်။ ဒါဟာအရမ်းအရေးပါ တယ်လို့လည်း ကျနော်ထင်ပါတယ်” ဟု ထရမ့်က ဖြည့်စွက်ပြောဆိုခဲ့သည်။

ဒါ့အပြင် သမ္မတကြီးထရမ့်က သူ့အနေဖြင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်းနှင့်အတူ တွေ့ဆုံဆွေး နွေးစဉ်တွင် ကြီးမားသောအောင်မြင်မှုကြီး ရယူနိုင်လိမ့်မည်ဟု ခန့်မှန်းထားပြီး တရုတ်နှင့်ဂျပန်နိုင်ငံတို့၏ အပြည့်အ၀ အားပေးထောက်ခံချက်များကိုလည်း ရရှိထားသည်ဟု ဆိုခဲ့သည်။

“မြောက်ကိုရီးယားတို့ဘက်ကလည်း အဆင်ပြေပြေဆက်ဆံလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့အနေ နဲ့ အောင်မြင်မှုအကြီးကြီးရလိမ့်မယ်လို့လည်း ကျနော်ထင်ပါတယ်။ ကျနော်တို့ကို အားပေးထောက်ခံမှုတွေ အများကြီးရရှိထားပါတယ်” ဟုလည်း ထရမ့်က ပန်ဆယ်လ်ဗေးနီးယားသို့ မရောက်ရှိမီတွင် သတင်းထောက် များအား ပြောခဲ့သည်။

“ကျနော်တို့ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်နေတဲ့အချိန်မှာ မြောက်ကိုရီးယားတို့အနေနဲ့ ဒုံးပျံတွေပစ်လွှတ် ခြင်း မရှိစေရဘူးလို့ ကတိပေးထားပါတယ်။ ပြီးတော့ သူတို့တွေဟာ နျူကလီးယားလက်နက်များကို စွန့်လွှတ်ဖို့ လည်း မျှော်မှန်းထားပါတယ်။ ဒါဟာအရမ်းကို ကောင်းပါတယ်” ဟု ထရမ့်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags