အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက် သီရိလင်္ကာတွင် ဗလီများ၌ စစ်တပ်က လုံခြံုရေး ယူပေးထား

အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက် သီရိလင်္ကာတွင် ဗလီများ၌ စစ်တပ်က လုံခြံုရေး ယူပေးထား

ကိုလံဘို၊ မတ် ၁၀ ။        ။ သီရိလင်္ကာနိုင်ငံတွင် လူသုံးဦး သေဆုံးခဲ့သည့် လေးရက်ကြာ မွတ်စလင်ဆန့်ကျင်ရေးအဓိကရုဏ်းများ ဖြစ်ပွားပြီးနောက် နောက်ထပ်တိုက်ခိုက်မှုသစ်များ ဖြစ်လာမည်ကို စိုးရိမ်လျက် သောကြာနေ့ဝတ်ပြုဆုတောင်းသော အချိန်အခါအတွင်း နိုင်ငံအနှံ့က ဗလီများကို စစ်သားနှင့် ရဲတို့က စောင့်ကြပ်လုံခြုံရေး ယူပေးခဲ့သည်။

သီရိလင်္ကလာကျွန်းနိုင်ငံအတွင်း အဓိကရုဏ်းအတွင်း ပိတ်ထားခဲ့ရသည့် မွတ်စလင်များပိုင် ဈေးဆိုင်ခန်းများ အများစုမှာ ကင်ဒီမြို့က ဗုဒ္ဓဘာသာအများစုသော အုပ်စုများ၏ ဆန့်ကျင်ဆန္ဒပြမှုများကြောင့် ဆက်လက်ပိတ်ထားဆဲဖြစ်သည်။

ကင်ဒီမြို့တွင် ဗလီများ မီးရှို့ဖျက်ဆီးခံရသဖြင့် အများစုက လဟာပြင်တွင် ဝတ်ပြုဆုတောင်းရကြောင်း မွတ်စလင်များက ပြောသည်။ ဗလီများအပြင်ဖက်တွင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် နယ်မြေခံရဲလှည့်ကင်းများက စောင့်ကြပ်ပေးထားသည်။

“သောကြာနေ့ ဝတ်ပြုဆုတောင်းမှုမှာ ဘယ်လိုမတော်တဆမှုမျိုးမှ မဖြစ်ပွားခဲ့ပါဘူး။”ဟု ကိုလံဘိုရှိ ရဲတာဝန်ရှိသူတစ်ဦးက ပြောပြီး ဆူပူအကြမ်းဖက်မှုများအတွင်း ပါဝင်ခဲ့သူများကို ရှာဖွေမှု စုံစမ်းစစ်ဆေးရေးများ ပြုလုပ်လျက်ရှိနေကြောင်း ဖြည့်စွက်ဆိုသည်။

အဓိကဆူပူအကြမ်းဖက်သူများအပါအဝင် လူပေါင်း ၁၄၀ နီးပါးကို မတည်ငြိမ်မှုများ ဖြစ်ပွားရခြင်းအတွက် ဖမ်းဆီးထားကြောင်း ရဲက ပြောသည်။

ကမ္ဘာ့လှည့်ခရီးသွားများ လာရောက် ကင်ဒီမြို့အတွင်း ဗုဒ္ဓဘာသာဝင်တစ်ဦးကို မွတ်စလင်အုပ်စုတစ်ရပ်က သတ်ဖြတ်ရာမှ လက်စားချေတုံ့ပြန်ကြပြီး မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းအထိ ဖြစ်ပေါ်ခဲ့ခြင်းကြောင်း ယင်းကာလအတွင်း နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required