နျူကလီးယားစွမ်းအင်၊ ကာကွယ်ရေး၊ ကုန်သွယ်ရေးနှင့် အာကာသကဏ္ဍများတွင် အိန္ဒိယနှင့် ပြင်သစ် ပူးပေါင်းမှု ပိုမြှင့်တင်မည်

နျူကလီးယားစွမ်းအင်၊ ကာကွယ်ရေး၊ ကုန်သွယ်ရေးနှင့် အာကာသကဏ္ဍများတွင် အိန္ဒိယနှင့် ပြင်သစ် ပူးပေါင်းမှု ပိုမြှင့်တင်မည်

 

အိန္ဒိယနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် နျူကလီးယားစွမ်းအင်၊ ကာကွယ်ရေး၊ ကုန်သွယ်ရေးနှင့် အာကာသကဏ္ဍများတွင် ပိုမိုပူးပေါင်းမှုမြှင့်တင်မည့် အပြန်အလှန် သဘောတူညီမှုများစွာကို မတ် ၁၀ ရက်က နယူးဒေလီတွင် လက်မှတ်ရေးထိုးချုပ်ဆိုကြသည်။

တရားဝင် ဆွေးနွေးပွဲများနှင့် အခြားသော စီးပွားရေးဆိုင်ရာ စည်းဝေးပွဲများ ပြုလုပ်ပြီးနောက် အိန္ဒိယသို့ ရောက်ရှိနေသည့် ပြင်သစ်သမ္မတ မက်ခရွန်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီတို့က အဆိုပါ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်လာကြသည်။

မတ် ၉ ရက်က အိန္ဒိယသို့ ပြင်သစ်သမ္မတ မက်ခရွန်သည် ပထမဆုံးခရီးစဉ်အဖြစ် ရောက်ရှိပြီး ကာကွယ်ရေး၊ ကုန်သွယ်ရေး၊ ရေပြင်လုံခြုံရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် နျူကလီးယားစွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းမှု မြှင့်တင်ရန် လာရောက်ခြင်းဖြစ်သည်။

ခရီးစဉ်၏ ရည်ရွယ်ချက်သည် “နှစ်နိုင်ငံ မိတ်ဖက်ပြုမှုအတွက် ခေတ်သစ်ဖွင့်လှစ်ရန်” ဖြစ်ကြောင်း မက်ခရွန်က ပြောသည်။

လေးရက်တာ ယခုခရီးစဉ်အတွင်း နိုင်ငံတကာဆိုလာစွမ်းအင်မဟာမိတ်ပြုမှု ISA ၏ ပထမဆုံးအစည်းအဝေးကို ပူးတွဲကျင်းပရေးအတွက် အိန္ဒိယနှင့် ပြင်သစ်တို့က မျှော်လင့်ထားသည်။ ISA ကို အဆိုပါ နှစ်နိုင်ငံက ၂၀၁၅ ခုနှစ် ပါရီရာသီဥတုဆိုင်ရာညီလာခံ ပြင်ပန်းတွင် စတင်သဘောတူ ထူထောင်ခဲ့ခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံသည် အိန္ဒိယ၏ ကိုးနိုင်ငံမြောက် အကြီးဆုံးရင်းနှီးမြုပ်နှံသည့် နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေးက ၂၀၁၆ ဧပြီမှ ၂၀၁၇ မတ်လအတွင်း အမေရိကန်ဒေါ်လာ ၁၀ ဒဿမ ၉၅ ဘီလီယံ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required