ထိုင်းလိဂ်မှာ အောင်သူကစားနေတဲ့အသင်း အခြေအနေကောင်းရဲ့လား

ထိုင်းလိဂ်မှာ အောင်သူကစားနေတဲ့အသင်း အခြေအနေကောင်းရဲ့လား

 

မြန်မာလက်ရွေးစင်တိုက်စစ်မှူးအောင်သူကစားနေတဲ့ ပုလိစ်တယ်ရို အသင်းဟာ မနေ့ကပွဲစဉ်မှာ ချိုင်နက်ဟွန်ဘေ အသင်းကို အဝေးကွင်းမှာ လေးဂိုး၊ နှစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ အောင်သူဟာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အသင်းအတွက်အနိုင်သေချာသွားစေမယ့် ဂိုးတစ်ဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီဂိုးနဲ့ပါဆိုရင်အောင်သူဟာ ထိုင်းလိဂ်မှာ ငါးပွဲကစားပြီး နှစ်ဂိုးရထားပြီဖြစ်ပါတယ်။

ပုလိစ်တယ်ရိုအသင်းအတွက်တော့ ဒီရာသီရဲ့ ပထမဆုံးနိုင်ပွဲဖြစ်ပြီး ငါးပွဲကစားပြီးချိန်မှာ နိုင်ပွဲတစ်ပွဲသာရထားပြီး တစ်ပွဲသရေ၊ သုံးပွဲရှုံးထားလို့ အဆင့် ၁၄ နေရာကိုရောက်နေပါတယ်။

အသင်းပေါင်း ၁၈ သင်းပါဝင်ကစားနေတဲ့ ထိုင်းလိဂ်မှာ အောက်ဆုံးငါးသင်းက ရာသီကုန်ရင်တန်းဆင်းရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly