ဆားလင်းကြီးမြို့ ရေပေးဝေရေးအတွက် ရေပိုက်လိုင်းများ အသစ်တပ်ဆင်မည်

ဆားလင်းကြီးမြို့ ရေပေးဝေရေးအတွက် ရေပိုက်လိုင်းများ အသစ်တပ်ဆင်မည်

မုံရွာ၊ မတ် ၁၀။                 ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့တွင် ရေပေးဝေရေးအတွက် လာမည့်ဘဏ္ဍာနှစ်၌ ရေပိုက်လိုင်းများ အသစ်တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောသည်။

ဆားလင်းကြီးမြို့၏ ရေပေးဝေရေးလုပ်ငန်းတွင် လည်ပတ်နေသော ရေပိုက်လိုင်းများမှာ ဟောင်းနွမ်းဆွေးမြည့် လျှက်ရှိပြီး မကြာခဏဆိုသလို ပေါက်ပြဲနေသည့်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၌ အသစ်တပ်ဆင်ပေးရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဆားလင်းကြီးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစောမောင်ကလည်း ရေပိုင်လိုင်းများ ပေါက်ပြဲနေသည့်အတွက် မြို့လူထုမှာ ရေလုံလောက်မှု မရှိကြောင်း၊ ယင်းပိုင်လိုင်းများကို အရည်အသွေး ပြည့်မှီသောပိုက်လိုင်းများအစားထိုး၍ ခေတ်မှီနည်းပညာဖြင့် ရေပေးဝေရေးဆောင်ရွက်မှသာ မြို့လူထုအတွက် သောက်သုံးရေလုံလောက်မည် ဖြစ်ကြောင်း မဇ္ဈိမသို့ပြောသည်။

"မြို့ရဲ့ရေပေးဝေရေးအတွက် နေရာ(၃)နေရာကနေ ပေးဝေနေရပါတယ်။ ရေလုံလောက်မှုရှိတယ်လို့ ပြောလို့ ရပေမယ့် ရေပိုက်လိုင်းတွေပေါက်ပြဲနေတဲ့အ တွက် ပေးကားပေး၏မရ လို့ဆိုရမယ်။ အရည်အသွေးမှီ ပိုက်လိုင်းတွေနဲ့ အစားထိုးပြီး ခေတ်မှီနည်းပညာနဲ့ပေးဝေမှသာ ရေလုံလောက်မှု ရှိမှာပါ" ဟု ဆားလင်းကြီး မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစောမောင်ကပြောသည်။

ဆားလင်းကြီးမြို့နယ်၏ ရေပေးဝေရေးလုပ်ငန်းသည် ၁၉၈၂ ခုနှစ်ကတည်းကစတင်ခဲ့ပြီး လက်ရှိသုံးစွဲရန် ရယူထားသော အိမ်သွယ်ရေတိုင်များနှင့် ကိုက်ညီမှု မရှိခြင်း၊ ရေပိုက်များမှာ   ပေါက်ပြဲပျက်စီးနေခြင်းတို့ ဖြစ်ပေါ်လျှက်ရှိကြောင်း ဆားလင်းကြီးမြို့နယ်ဒေသခံ တစ်ဦးကပြောသည်။

ဆားလင်းကြီးမြို့ပေါ်သည် သောက်သုံးရေကောင်းစွာ တူးဖော်မှုမရရှိသည့်အတွက် မြို့၏အရှေ့တောင်ဘက် တစ်မိုင်ခန့်ကွာဝေးသော ကျွဲချောင်းလက်တူးတွင်း(၄) တွင်းဖြင့်လည်းကောင်း၊ မြို့၏အနောက်ဘက် ၄ ဒသမ ၅ မိုင်အကွာမှ ရွာသစ်ကုန်းကျေးရွာအနီးရှိ ၆ လက်မ စက်ရေတွင်းဖြင့်လည်းကောင်း၊ ရေပေးဝေခဲ့ရကြောင်း သိရသည်။

ထို့ပြင် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ကလည်း မြို့လူဦးရေ တိုးပွားလာသည့်အတွက် (၃)မိုင်ခန့်ကွာဝေးသော ပေါင်းဝ ကျေးရွာ၊ ချင်းတွင်းမြစ်အနီးတွင် (၆)လက်မ စက်ရေတွင်း တူးဖော်ကာ ဆက်လက်ရေပေးဝေခဲ့ရေ ကြာင်း သိရသည်။

ဆားလင်းကြီးမြို့သည် ရပ်ကွက်ကြီး (၃)ရပ်ကွက်ရှိပြီးဧရိယာစတုရန်းမိုင်ပေါင်း (၀ ဒသမ ၇၃) ကျယ်ဝန်းေ ကြာင်း၊ အိမ်ခြေပေါင်း (၁၂၁၄)အိမ်၊ လူဦးရေ (၅၀၆၄)ဦး နေထိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required