ဆန်းချက်ဇ်၏အကောင်းဆုံးပုံစံကို မန်ယူနိုက်တက်မရသေးဟု မော်ရင်ဟိုဆို

ဆန်းချက်ဇ်၏အကောင်းဆုံးပုံစံကို မန်ယူနိုက်တက်မရသေးဟု မော်ရင်ဟိုဆို

 

မတ် ၁၀၊ မန်ချက်စတာ။              ။ မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် ဆန်းချက်ဇ်၏အကောင်းဆုံးပုံစံကို မရသေးဟု နည်းပြမော်ရင်ဟိုက ပြောဆိုလိုက် သည်။

အသက် ၂၉ နှစ်အရွယ်ချီလီလက်ရွေးစင်ကစားသမားသည် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် မစ်ခီတာယန်နှင့် ကစားသမား တိုက်ရိုက်အလဲအလှယ်အဖြစ် အာဆင်နယ်မှမန်ယူနိုက်တက်သို့   ရောက်လာပြီး လေးနှစ်ခွဲစာချုပ်ချုပ်ထားသည်။

သို့သော် ယင်းတိုက်စစ်ကစားသမားမှာ အိုးထရက်ဖို့ဒ်သို့ရောက်လာပြီးကတည်းက ၈ ပွဲတွင် တစ်ဂိုးသာသွင်းယူထားနိုင်သေး သည်။

“ကျွန်တော်တို့နဲ့ဘယ်လိုကစားရမလဲဆိုတာကို သူကသင်ယူနေသလို သူ့ဆီကအကောင်းဆုံးခြေစွမ်းကိုဘယ်လိုထုတ်ယူရမလဲ ဆိုတာကို ကျွန်တော်တို့က လေ့လာနေပါတယ်” ဟု မော်ရင်ဟိုက ပြောသည်။

ရာသီဝက်အပြောင်းအရွှေ့ကာလအတွင်း ကစားသမားတစ်ဦးကိုအကဲဖြတ်ရန်ခက်ခဲသဖြင့် မော်ရင်ဟိုမှာ ရာသီဝက် အပြောင်းအရွှေ့ကာလကို သဘောကျခြင်းမရှိပေ။

“ရာသီရဲ့အဆိုးဆုံးကာလဖြစ်တဲ့ ဆောင်းရာသီဈေးကွက်မှာ သူရောက်လာတာက အမှားပဲ။ ဒါကြောင့်ပဲ ဆောင်းရာသီဈေးကွက် ကို ကျွန်တော်လုံးဝမကြိုက်တာပေါ့။

ဆန်းချက်ဇ်ကိုစာချုပ်နိုင်ဖို့အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံချင်လို့သာ လုပ်ခဲ့ရပေမယ့် ဆောင်းရာသီဈေးကွက်ကိုတော့ အယုံအကြည်မရှိပါဘူး။ နောက်ရာသီကတော့ ဆန်းချက်ဇ်အတွက် ပိုကောင်းလာမှာပါ”ဟု မော်ရင်ဟိုက ဆိုသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly