ဒူတာတေးအနေနဲ့ စိတ်ရောဂါရှိမရှိ စစ်ဆေးမှုခံယူသင့်နေပြီဟု ကုလ လူ့အခွင့်အရေးအကြီးအကဲ ပြော

ဒူတာတေးအနေနဲ့ စိတ်ရောဂါရှိမရှိ စစ်ဆေးမှုခံယူသင့်နေပြီဟု ကုလ လူ့အခွင့်အရေးအကြီးအကဲ ပြော

 

မတ် ၉ ။         ။ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးအနေဖြင့် ယခုအချိန်မှာ စိတ်ရောဂါ ရှိမရှိ အကဲဖြတ်စစ်ဆေးမှု ခံယူဖို့ လိုနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲက မတ်လ ၉ ရက်မှာ ပြောဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးဘက်က ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်တွေအပေါ် ပြစ်ပြစ်နှစ်နှစ် ဆဲဆိုတိုက်ခိုက်ပြောဆိုထားမှုနဲ့ပတ်သက်လို့ ကုလ လူ့အခွင့်အရေးအကြီးအကဲ ဇိဒ် ရာအက်ဒ် အယ်လ် ဟူစိန်က အထက်ပါအတိုင်း တုန့်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။

" သမ္မတ ဒူတာတေးအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြစ်ချက်ရှိမရှိ အကဲဖြတ်စစ်ဆေးမှု တစ်ခုခုတော့ ခံယူဖို့လိုနေပါပြီ" ဆိုပြီး ၎င်းက ပြောဆိုသွားတာဖြစ်ပါတယ်။

ဇိဒ်အပါအဝင် ကုလ လူ့အခွင့်အရေးတာဝန်ရှိသူတွေကတော့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ အငြင်းပွားဖွယ် မူးယစ်စစ်ပွဲအပေါ် အထူးအာရုံစိုက် စုံစမ်းစစ်ဆေးဖို့ ကြိုးပမ်းနေလျက်ရှိပါတယ်။

ဒူတာတေးလက်ထက် မူးယစ်စစ်ပွဲအတွင်း သံသယမူးယစ်တရားခံ ၄,၁၀၀ ကျော်ကို ရဲတွေက သတ်ဖြတ်ခဲ့တယ်လို့ ဆိုထားပေမယ့် တကယ်တမ်းမှာတော့ သတ်ဖြတ်ခံရသူဦးရေ ၈,၀၀၀ ကျော်ထိ သတ်ဖြတ်ခံထားရပြီးပြီ ဆိုပြီး လူ့အခွင့်အရေးအုပ်စုတွေက ပြောထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required