မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ILO မှ ဥပဒေရေးရာသတင်းအချက်အလက်များ ကူညီမည်

မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ILO မှ ဥပဒေရေးရာသတင်းအချက်အလက်များ ကူညီမည်

ရန်ကုန် ၊ မတ် ၉ ။         ။ မြန်မာနိုင်ငံအပါအဝင် အခြားသောဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အလုပ်အကိုင်နှင့် သုတေသန သင်ယူမှုများအတွက် အရေးကြီးသည့် ဥပဒေရေးရာ သတင်းအချက်အလက်များအား အွန်လိုင်းမှတဆင့် ပေးပို့သွားမည့် အစီအစဉ်ကို ဆောင်ရွက်နေသည်ဟု ILO က ဆိုသည်။

ယင်းအစီအစဉ်ကို ILO နှင့် ပညာရှင်မိတ်ဖက်အဖွဲ့တစ်ခုမှ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး ဥပဒေရေးရာ သတင်းအချက်အလက်များ၊ သုတေသနများ မြှင့်တင်မှု လေ့ကျင့်ပေးရေးနှင့် တရားဥပဒေစိုးမိုးမှု ခိုင်မာအောင် ကူညီပေးရေးအတွက် အခမဲ့(သို့မဟုတ်) တန်ဖိုးနည်းသည့် ဝန်ဆောင်မှုအစီအစဉ်ဖြစ်သည်။

"ဝင်ငွေနည်းနဲ့ ဝင်ငွေအသင့်အတင့်ရှိတဲ့ နိုင်ငံတွေက တရားဥပဒေရေးရာ သုတေသနများရဲ့ အရည်အသွေး၊ ပညာရေး၊ လေ့ကျင့်သင်ကြားမှုများကို မြှင့်တင်ပေးနိုင်ဖို့ပါ။ ဥပဒေရေးရာမူဘောင်၊ အဖွဲ့အစည်းများ အင်အားနဲ့ ဥပဒေစိုးမိုးမှုတို့ ခိုင်မာအားကောင်းရေးအတွက်ပါပဲ" ဟု ILO မှ အမျိုးသမီး ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Deborah Greenfield က ဆိုသည်။

အဆိုပါ အစီအစဉ်ကို အစိုးရဌာနများ၊ တက္ကသိုလ်များ၊ ဥပဒေကျောင်းများ၊ သုတေသနများနှင့် အင်န်ဂျီအိုများ သင့်တော်သည့် အဖွဲ့အစည်းများအပြင် အတွင်းဝန်ရုံးများ၊ အလုပ်သမားရေးရာအဖွဲ့အစည်းများမှ ယခုအစီအစဉ်၏ ဝန်ဆောင်မှုကို ရယူနိုင်ကြမည်ဖြစ်သည်။

တရားရေးမူဘောင်နှင့် အဖွဲ့အစည်းများအားကောင်းမှုကို ကူညီပေးနိုင်သည့် နိုင်ငံတကာဥပဒေ၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားရေးဥပဒေနှင့် အလုပ်သမားဥပဒေကို ယခုအစီအစဉ်မှ အလွယ်တကူရယူနိုင်မည်ဖြစ်သည်။

"ဒီလို သတင်းအချက်အလက်နဲ့ သင်ယူမှုတွေကို မရရှိနိုင်သူတွေအတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ် ။ လူမှုတရားမျှတမှု မြင့်မားရေးကို ကူညီပေးနိုင်ဖို့ပါ။ ဒါက ILO ရဲ့ အဓိကပန်းတိုင်ပါပဲ" ဟု ILO မှ အမျိုးသမီး ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Deborah Greenfield က ဆိုသည်။

ယခု အစီအစဉ်ကို ဂျီနီဗာရှိ ILO ရုံးချုပ်တွင် Brill Nijhoff ပညာရှင်များအကြံပေးကုမ္ပဏီ၊ ယေးလ်ဥပဒေကျောင်းမှ Lillian Goldman Law စာကြည့်တိုက်၊ Cornell Law School Library နှင့် ILO ၏ နိုင်ငံတကာလေ့ကျင့်ရေးစင်တာတို့မှ ကိုယ်စားလှယ်များ ပူးပေါင်းမှုဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required