အဆိုတော် IU နှင့်အတူ သီချင်းများပူးတွဲဖန်တီးလိုသည်ဟု လီဆန်ဂီဖွင့်ဟ

အဆိုတော် IU နှင့်အတူ သီချင်းများပူးတွဲဖန်တီးလိုသည်ဟု လီဆန်ဂီဖွင့်ဟ

 

တောင်ကိုရီးယားမှ နာမည်ကျော်အဆိုတော်နှင့် သရုပ်ဆောင်ဖြစ်သူ လီဆန်ဂီက သူသည် တစ်နေနေ့တစ်ချိန် ချိန်တွင် အဆိုတော်မလေး IU နှင့်အတူ သီချင်းများ ပူးတွဲဖန်တီးသွားလိုသည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။

မတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့သောအင်တာဗျူး၌ လီဆန်ဂီက သူသည် IU နှင့်အတူ သီချင်းများပူးတွဲဖန်တီး နိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

အင်တာဗျူးသူက လီဆန်ဂီအား မည်သည့်ဂျူနီယာအဆိုတော်နှင့် သီချင်းများပူးတွဲဖန်တီးလိုသလဲဟု မေးမြန်း ခဲ့ချိန်တွင် သူက “အဆိုတော်တွေကတော့ အများကြီးှရှိပါတယ်။ ကျနော်ကတော့ IU နဲ့အတူတူ အလုပ်တွဲလုပ် ချင်ပါတယ်။ သူမရဲ့ ရသခံစားတတ်မှုကို ကျနော်ကြိုက်ပါတယ်။ တစ်ချိန်ချိန်ကျရင် ကျနော့်ရဲ့သီချင်းထဲက စာသားအချို့ကို သူမကိုရေးစေချင်ပါတယ်” ဟု ပြောခဲ့သည်။

ဆက်လက်ပြီး လီဆန်ဂီက သူစစ်မှုထမ်းနေစဉ်တွင် စစ်တပ်ထဲသို့လာရောက်၍ သီဆိုဖျော်ဖြေပေးခဲ့သော IU အား အထူးကျေးဇူးတင်ကြောင်းလည်း ပြောခဲ့သည်။

“သူမလာဖျော်ဖြေတုန်းကဆိုရင် တပ်တစ်ခုလုံး ဗြောင်းဆန်သွားတော့တာပါပဲဗျာ။ သူမကို အရမ်းအားပေးကြ ပါတယ်။ ကျနော်က PSY ကို လာဖျော်ဖြေပေးဖို့ လှမ်းပြီးဆက်သွယ်ခဲ့ပါတယ်။ သူက IU ကိုလည်း ဖျော်ဖြေဖို့ ပြောလိုက်ပါတယ်။ IU ကလည်း လွယ်လွယ်ကူကူပဲလက်ခံလိုက်ပါတယ်။ ဒါကြောင့် သူမကို ကျနော်အရမ်းပဲ ကျေးဇူးတင်ပါတယ်” ဟု လီဆန်ဂီက ဆိုခဲ့သည်။

လီဆန်ဂီက သူသည် လက်ရှိအချိန်တွင် နောက်ထပ်သီချင်းအယ်လ်ဘမ်တစ်ချပ်အတွက် ပြင်ဆင်နေသည်ဟု ပြောခဲ့သည်။

“ကျနော်ဖန်တီးဖို့ တွေးထားတဲ့ပုံစံလေးရှိပါတယ်။ အဲ့ဒါလေးအဆင်သင့်မဖြစ်ခင်မှာ ကျနော်အချိန်နည်းနည်းလို ပါတယ်။ ဒီနှစ်အတွင်းမှာတော့ ဖြန့်ချီနိုင်အောင် ကျနော်ကြိုးစားသွားမှာပါ” ဟု သူက ပြောခဲ့သည်။

Ref: Soompi

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly