သမိုင်းဝင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပသွားမည့် ဒေါ်နယ်ထရမ့်နှင့် ကင်မ်ဂျံုအမ်း

သမိုင်းဝင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပသွားမည့် ဒေါ်နယ်ထရမ့်နှင့် ကင်မ်ဂျံုအမ်း

 

ဝါရှင်တန်၊ အမေရိကန်၊ မတ် ၉ ။                                      ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်းနှင့်အတူ ပထမဦးဆုံး အကြိမ်အဖြစ် သမိုင်းဝင်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်သွားရန် ကြာသာပတေးနေ့က သဘောတူခဲ့ပြီး တစ်ကမ္ဘာလုံး အား မှင်သက်စေခဲ့သည်။

တောင်ကိုရီးယားအမျိုးသားလုံခြုံရေးအကြံပေး ချန်အီယောင်းက အမေရိကန်သမ္မတကြီးနှင့် မြောက်ကိုရီးယား ခေါင်းဆောင်ကြီးတို့သည် ပထမဦးဆုံးအကြိမ်အဖြစ်  တွေ့ဆုံဆွေးနွေးပွဲ   ပြုလုပ်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်သို့ လာရောက်လည်ပတ်စဉ်ခိုက် ကြေညာခဲ့ပြီး ထိုဆွေးနွေးပွဲကို လာမည့်မေလတွင် ကျင်းပသွား ဖို့ရှိကြောင်း ပြောဆိုခဲ့သည်။

ချန်သည် မကြာသေးခင်က ပြုံယမ်းမှပြန်လာခဲ့သူဖြစ်ပြီး ခေါင်းဆောင်ကြီးကင်မ်နှင့် သီးသန့်တွေ့ဆုံခဲ့သူဖြစ် သည်။ တောင်ကိုရီးယားတာဝန်ရှိသူများ၏အဆိုအရ မြောက်ကိုရီးယားခေါင်းဆောင်ကြီးသည် သမ္မတထရမ့် နှင့်အတူ မြန်နိုင်သမျှမြန်မြန် တွေ့ဆုံသွားလိုသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက်တွင် ထရမ့်က သူသည်ကင်မ်နှင့်တွေ့ဆုံဖို့ သဘောတူညီခဲ့ကြောင်း အတည်ပြုခဲ့ပြီး ပြုံယမ်းအစိုးရ၏ နျူကလီးယားလက်နက်အစီအစဉ်များကို အဆုံးသတ်သွားဖို့ဆွဲဆောင်ရာ၌ တိုးတက်မှုများရှိလာခဲ့ပြီဟု ဆိုခဲ့ သည်။

“တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ဖို့ စီစဉ်ထားပါတယ်” ဟု ထရမ့်က သူ၏တွစ်တာ၌ရေးသားခဲ့သည်။ ဒါ့အပြင် “ကင်မ် ဟာ နျူကလီးယားလက်နက်ဖျက်သိမ်းဖို့   တောင်ကိုရီးယားကိုယ်စားလှယ်တွေကို   ပြောဆိုခဲ့ပါတယ်။ပြီးတော့ ဒီကာလအတောအတွင်းမှာလည်း မြောက်ကိုရီးယားတို့အနေနဲ့ ဒုံးပျံစမ်းသပ်မှုတွေပြုလုပ်သွားမှာမဟုတ်ဘူးလို့ လည်း သိရပါတယ်” ဟု ထရမ့်က တွစ်တာ၌ ရေးသားခဲ့သည်။

ဆက်လက်ပြီး “အကြီးအကျယ်ကို တိုးတက်လာတဲ့သဘောပါပဲ။ ဒါပေမယ့် တရားဝင်သဘောတူညီချက် မရ မချင်း အရေးယူပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိသွားမှာဖြစ်ပါတယ်” ဟု ထရမ့်က ဆိုခဲ့သည်။

ထိုသို့နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံကြမည်ဆိုသော သတင်းကောင်းတစ်ရပ်သည် ရုတ်တရက် အမှတ် မထင်ပေါ်ထွက်လာခြင်းဖြစ်ပြီး တင်းမာမှုများမြင့်တက်ကာ စစ်ရေးအသွင်ဆောင်နေကြသော မြောက်ကိုရီးယား နှင့် အမေရိကန်တို့ကြား ယခုလိုဆက်ဆံရေးတိုးတက်လာသောကြောင့် ကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေး အတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာပြီဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required