ရွေးကောက်ပွဲကတိကို ဖြည့်ဆည်းပြီး သံမဏိနှင့် အလူမီနီယံ သွင်းကုန်ခွန်အား ဒေါ်နယ်ထရမ့် ပြဋ္ဌာန်း

ရွေးကောက်ပွဲကတိကို ဖြည့်ဆည်းပြီး သံမဏိနှင့် အလူမီနီယံ သွင်းကုန်ခွန်အား ဒေါ်နယ်ထရမ့် ပြဋ္ဌာန်း

 

ဝါရှင်တန်၊ မတ် ၉ ။                ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ အဓိကရွေးကောက်ပွဲကတိတစ်ရပ်အား ဖြည့်ဆည်းသည့်အနေဖြင့် သံမဏိနှင့် အလူမီနီယံ သွင်းကုန်ခွန် ပြဋ္ဌာန်းရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း မတ် ၈ ရက်က ပြောသည်။

သံမဏိနှင့် အလူမီနီယံ တင်သွင်းမှုတွင် ကြီးစွာသော အခွန်ချမှတ်သည့် အငြင်းပွားဖွယ်အမိန့်ဒီဂရီအား  ထရမ့်က လက်မှတ်ရေးထိုးခြင်းဖြစ်သော်လည်း ယင်းသို့ တင်သွင်းခွန်စည်းကြပ်မှုတွင် တစ်ချို့သောနိုင်ငံများအတွက် အခွန်လွတ်ငြိမ်းခွင့် ရှိမည်ဖြစ်သည်။

မမျှတသော ကုန်သွယ်ရေးကြောင့် အမေရိကန် ထိခိုက်နစ်နာနေခဲ့ရာ ယခုသွင်းကုန်ခွန် စည်းကြပ်ခြင်း လုပ်ဆောင်မှုအားဖြင့် အမေရိကန်၏ လုပ်ငန်းများကို ပြန်လည်မြှင့်တင်ပေးနိုင်မည်ဟု ထရမ့် ပြောသည်။

အမေရိကန်က သံမဏိနှင့် အလူမီနီယံ လုပ်ငန်းများမှ အလုပ်သမားများသည် သစ္စာဖောက်ခြင်း ခံနေရသူများဖြစ်ကြောင်း၊ သို့သော်လည်း ယခုတွင် ယင်းသစ္စာဖောက်ခံနေရသည့် ဘဝက ပြီးဆုံးသွားပြီဖြစ်ကြောင်း ထရမ့်က ဆိုသည်။

သို့သော်လည်း ထရမ့်၏ ယခုလုပ်ဆောင်မှုကို နိုင်ငံများစွာက အပြင်းအထန်ဆန့်ကျင်ကြပြီး ပညာရှင်များကလည်း ကုန်သွယ်ရေးစစ်ပွဲသစ်တစ်ရပ် ဖြစ်ပွားလာလိမ့်မည်ဟု သတိပေးကြသည်။

နိုင်ငံရေးသမားများမှာ အဆိုပါ သံမဏိနှင့် အလူမီနီယံလုပ်ငန်း၏ အခြေအနေ ရေရှည်အကျဖက် ရောက်နေခြင်းကို ထိုင်၍သာ ညည်းညူနေကြပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ ပြောင်းလဲရေးအတွက် လုပ်ဆောင်ခဲ့ခြင်း မရှိဟူ၍လည်း ထရမ့်က ပြောသည်။

သံမဏိလုပ်ငန်းများမှ အလုပ်သမားများသည်လည်း မိမိသမ္မတအဖြစ် အနိုင်ရခဲ့ခြင်း အကြောင်းချင်းရာများအနက် တစ်ရပ်အပါအဝင်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required