မကြာမီတွင် လက်ထပ်တော့မည့် မင်းသမီးဟန်ချေးအာ

မကြာမီတွင် လက်ထပ်တော့မည့် မင်းသမီးဟန်ချေးအာ

 

တောင်ကိုရီးယားမင်းသမီးဟန်ချေးအာသည် သူမ၏ချစ်သူနှင့်အတူ မကြာမီတွင် လက်ထပ်တော့မည်ဟု သိရသည်။

မတ်လ ၈ ရက်နေ့တွင် သူမ၏အေဂျင်စီဖြစ်သော Mystic Entertainment က ၎င်းတို့၏မင်းသမီးသည် တောင်ကိုရီးယားလက်ရွေးစင်ဘောလုံးသမားဟောင်း ချာဒူးရီ၏ညီဖြစ်သူ ချာဆီဂျီနှင့်အတူ တစ်နှစ်ခန့် ချစ်သူ များအဖြစ်လက်တွဲခဲ့အပြီးတွင် လက်ထပ်တော့မည်ဟု ကြေညာခဲ့သည်။

“ဟန်ချေးအာနဲ့ ချာဆီဂျီတို့ဟာ တစ်သက်တာပေါင်းဖက်ကြမယ့် ချစ်သူများအဖြစ် ကတိကဝတ်ပြုခဲ့ကြပါတယ်။ လာမယ့်မေလမှာ သူတို့နှစ်ဦးဟာ သီးသန့်မင်္ဂလာပွဲလေးကျင်းပသွားမှာဖြစ်ပြီး သူတိုရဲ့မိသားစုဝင်များနဲ့ မိတ်ဆွေများကိုသာ ဖိတ်ကြားမှာဖြစ်ပါတယ်။ ဟန်ချေးအာအနေနဲ့ မင်္ဂလာဆောင်အပြီးမှာလည်း အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နိုင်ပါစေလို့ ကျနော်တို့ကလည်း ဆုတောင်းပေးပါတယ်” ဟု ယင်းအေဂျင်စီက ကြေညာခဲ့သည်။

ဟန်ချေးအာနှင့်ချာဆီဂျီတို့သည် လွန်ခဲ့သော ၂၀၁၇ ခုနှစ်မတ်လကတည်းက ချစ်သူများအဖြစ် လက်တွဲနေခဲ့ ကြကြောင်း သိရသည်။

ဟန်ချေးအာသည် Bridal Mask နှင့် Marry Him If You Dare တို့ကဲ့သို့သော နာမည်ကြီးဒရာမာဇတ်လမ်းတွဲ များနှင့် ရုပ်ရှင်ဇာတ်ကားအများအပြား၌ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။

Ref: Soompi

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly