ဂျက်စတင်ဘီဘာကို ဂိုးသွင်းစွမ်းရည်ပြဖို့စိန်ခေါ်ခဲ့သည့် အမေရိကန်အမျိုးသမီးဟော်ကီအသင်းမှ ဂိုးသမားလေး

ဂျက်စတင်ဘီဘာကို ဂိုးသွင်းစွမ်းရည်ပြဖို့စိန်ခေါ်ခဲ့သည့် အမေရိကန်အမျိုးသမီးဟော်ကီအသင်းမှ ဂိုးသမားလေး

 

အိုလံပစ်ရွှေတံဆိပ်ဆုရ အမေရိကန်အမျိုးသမီးရေခဲပြင်ဟော်ကီအသင်းမှ ဂိုးသမားဖြစ်သူ မက်ဒီရွန်နေးက နာမည်ကြီးပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာအား သူ၏ဟော်ကီဂိုးသွင်းစွမ်းရည်ကို ပြသဖို့ စိန်ခေါ်ခဲ့သည်။

ရွန်နေးနှင့် သူမ၏ရေခဲပြင်ဟော်ကီအသင်းဖော်များသည် ဂျင်မီဖယ်လွန်၏ The Tonight Show အစီအစဉ်၌ ပြီးခဲ့သောတနင်္လာနေ့ညက ပါဝင်ခဲ့သည်။ ထိုအစီအစဉ်တွင် ရွန်နေးက သူမသည် ဂျက်စတင်ဘီဘာ၏ တွစ်တာမှပြန်စာကို စောင့်မျှော်နေကြောင်း ပြောဆိုခဲ့သည်။

ရွန်နေးက သူမသည် ရေခဲပြင်ဟော်ကီကစားတတ်သော ကနေဒါပေါ့ပ်အဆိုတော်ကြယ်ပွင့်ဖြစ်သူ၏ ဂိုးသွင်း စွမ်းရည်ကို ကြည့်ရှုလိုပြီး သူ၏ဂိုးသွင်းချက်အား ကာကွယ်ကြည့်ချင်ကြောင်း   ပြောကြားခဲ့သည်။

ဒါ့အပြင်သူမသည် အမေရိကန်ဟော်ကီအသင်းအကျီ ၤအောက်မှ “Team Bieber” ဟူသော စာတန်းပါသည့် သူမ၏ရှပ်အကျီ ၤကိုလည်း ဂျင်မီဖယ်လွန်၏ The Tonight Show အစီအစဉ်၌ ထုတ်လှစ်ပြသခဲ့သည်။

ဂျက်စတင်ဘီဘာ၏ ပရိသတ်တစ်ဦးဖြစ်သော မက်ဒီရွန်နေးသည် အိုလံပစ်ရေခဲပြင်ဟော်ကီဗိုလ်လုပွဲတွင် ကနေဒါအမျိုးသမီးဟော်ကီအသင်း၏ ဂိုးသွင်းချက်များကို ကာကွယ်ပြီး အမေရိကန်အမျိုးသမီးရေခဲပြင် ဟော်ကီအသင်းအား အိုလံပစ်ရွှေတံဆိပ်ဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

Ref: Billboard

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly