ရှားပါးရောဂါဝေဒနာ ခံစားနေရသည်ဟု ဘောလိ၀ုဒ်မင်းသားကြီး အာဖန်ခန်းဖွင့်ဟ

ရှားပါးရောဂါဝေဒနာ ခံစားနေရသည်ဟု ဘောလိ၀ုဒ်မင်းသားကြီး အာဖန်ခန်းဖွင့်ဟ

 

ဘောလိဝုဒ်ရုပ်ရှင်လောကမှ နာမည်ကျော်မင်းသားတစ်လက်ဖြစ်သော အာဖန်ခန်းက သူသည် ရှားပါးသော ရောဂါဝေဒနာတစ်မျိုးကို ခံစားနေရကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။

ဒါ့အပြင်သူက ပရိသတ်များအနေဖြင့် သူ၏ကျန်းမာရေးအခြေအနေနှင့်ပက်သက်၍ ခန့်မှန်းချက်အမျိုးမျိုး မထုတ်ကြရန် မေတ္တာရပ်ခံခဲ့ပြီး ရောဂါအခြေအနေကို နောက်ဆုံးစစ်ဆေးပြီး ခိုင်ခိုင်မာမာသိလာပါက ပရိသတ် များကို သေချာအသိပေးမည်ဟုလည်း ပြောဆိုခဲ့သည်။

အာဖန်ခန်းသည် သူ၏ကျန်းမာရေးအခြေအနေနှင့်ပက်သက်၍ ပြီးခဲ့သော တနင်္လာနေ့က တွစ်တာမှတဆင့် ကြေညာခဲ့ခြင်းဖြစ်သည်။

အသက် ၅၁နှစ်အရွယ်ရှိ အာဖန်ခန်းသည် ဘောလိဝုဒ်ရုပ်ရှင်ဇာတ်ကားများအပါအဝင် စုစုပေါင်းရုပ်ရှင် ၁၀၀ ကျော်၌ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပြီး Piku၊ Maqbool၊ Hassil၊ Paan Singh Tomar နှင့် Hindi Medium တို့ ကဲ့သို့သော နာမည်ကြီးရုပ်ရှင်များ၌လည်း ဦးဆောင်ပါဝင်ခဲ့သည်။

သူသည် Life Of Pi၊ Slumdog Millionaire နှင့် The Amazing Spider-Man တို့ကဲ့သို့သော အင်္ဂလိပ်စကား ပြော ရုပ်ရှင်များနှင့်လည်း နိုင်ငံတကာသို့ ထိုးဖောက်နိုင်ခဲ့သူဖြစ်သည်။ လွန်ခဲ့သော ၂၀၁၃ ခုနှစ်ကလည်း သူသည် Paan Singh Tomar ဇာတ်ကားနှင့် အိန္ဒိယနေရှင်နယ်ရုပ်ရှင်ဆုကို ဆွတ်ခူးနိုင်ခဲ့သလို အခြားဇာတ်ကားများနှင့် ဆုများစွာဆွတ်ခူးခဲ့သူဖြစ်သည်။

ဒါ့အပြင် သူသည် The Lunchbox ဆိုသောဇာတ်ကားနှင့်အတူ ကိန်းရုပ်ရှင်ပွဲတော်မှချီးမြှင့်သော Viewers’ Choice Award ဆုကိုလည်း ဆွတ်ခူးခဲ့သူတစ်ဦးဖြစ်သည်။

Ref: BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required