အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) တွင် အကြိုသင်္ကြန်ပွဲကျင်းပ

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) တွင် အကြိုသင်္ကြန်ပွဲကျင်းပ
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ မတ် ၇ ။              ။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) တွင်စတုဒီသာနှင့် မေဂျာစုံ အကြိုသြင်္ကန်ပွဲတစ်ခုယနေ့ ကျင်းပခဲ့သည်။

အနုပညာတက္ကသိုလ် သည် လူဦးရေနည်းပါးသည့် ကျောင်းတစ်ခုဖြစ်သော်လည်း ကျောင်းသား/ ကျောင်းသူများအားလုံးစည်းလုံးသည်ကိုပြချင်၍ ရေသဘင်ပွဲတော်ကို ကျောင်းသားများမှ ဦးစီးပြီးကျင်းပရခြင်းဖြစ်ကြောင်း ဦးဆောင်သူ ကိုနေမျိုးမင်းကပြောသည်။

" ကျောင်းသားတွေအားလုံးကို တစ်စုတစ်စည်းထဲဖြစ်ဖို့အတွက်ပြီးတော့ မေဂျာစုံပေါ့။ ၅ မေဂျာလုံးပါအောင်လိုက်စုရတယ်။ ပြီးတော့အလှူငွေတွေ လိုက်ကောက်ကြစုစုစည်းစည်းနဲ့   ကျောင်းသားတွေအားလုံး စည်းလုံးတယ်လို့ပြအောင်ပေါ့။ ပါချုပ်တွေကို ပူဆာလို့ရတယ်။ ဒါပေမယ့် အဲ့လိုလုပ်တဲ့ပွဲဆိုတာမဖြစ်စေချင်တဲ့အတွက် ကျောင်းသားတွေစုပြီးတော့ အလှူငွေတွေကောက်ကြတယ်။ ပြီးတော့ အစီအစဉ်တွေ အားလုံး ဦးဆောင်ပြီးလုပ်တဲ့ပွဲလေးပါ " ဟု ၎င်းကပြောသည်။

အကြိုသြင်္ကန်ပွဲဖြစ်မြောက်ရေးအတွက် ကျောင်းသားများထံမှ အလှူငွေကောက်ခံသည့်အပြင် ကျောင်းတံဆိပ်ပါသည့် အင်္ကျီကို ရံပုံငွေအဖြစ်ရောင်းချ ရသည့်ငွေများဖြင့် ပြုလုပ်ရခြင်းဟု ကိုနေမျိုးမင်းကပြောသည်။

မတ်လ ၇ ရက်တွင်ပြုလုပ်ခဲ့သည့်ပွဲ၌ နံနက်ပိုင်းတွင် စတုဒီသာနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြစ်ပြီး ညနေပိုင်းတွင် ရေကစားခြင်းစတင် မည်ဖြစ်ကြောင်းသိရသည်။

မေဂျာစုံ စတုဒီသာနှင့် အကြိုသြင်္ကန်ပွဲတွင် မြန်မာ့ရိုးရာအကများ၊ သက်ဆိုင်ရာ တိုင်းရင်းသားကိုယ်စားပြုအကများအပြင် ပြင်ပအနုပညာရှင် အချို့မှလည်းပါ ဝင်သီဆိုဖျော်ဖြေခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly