ဘောလုံးလောကကို စွန့်ခွာတော့မည်ဟု facebook တွင် မာရက်ဇ်ရေးထား

ဘောလုံးလောကကို စွန့်ခွာတော့မည်ဟု facebook တွင် မာရက်ဇ်ရေးထား

 

မတ် ၇၊ လက်စတာ။                                ။ လက်စတာအသင်း၏ ကြယ်ပွင့်ကစားသမား မာရက်ဇ်က ဆရာဝန်များနှင့်တိုင်ပင်ပြီးနောက် ဘောလုံးလောကကိုစွန့်ခွာတော့မည် ဟု ၎င်း၏ facebook စာမျက်နှာတွင်ရေးသားခဲ့ရာ ပရိသတ်များမှာ အံ့အားသင့်သွားခဲ့ရသည်။

ယင်းဘောလုံးသမား၏ facebook ကို တစုံတဦးမှခိုးယူပြီးရေးထားခြင်းဟုတ်မဟုတ်မှာ သဲကွဲစွာသိရခြင်းမရှိသေးပေ။ ပရိသတ် များမှာမူ အချို့က စိတ်ပျက်နေကြပြီး အချို့က သတင်းတုဟု ယူဆနေကြသည်။

မာရက်ဇ်က “ကျွန်တော့်ရဲ့ဆရာဝန်တွေနဲ့ နောက်ဆုံးဆွေးနွေးအကြံပြုချက်ခံယူပြီးတဲ့နောက်မှာတော့ ဘောလုံးနဲ့ဝေးဝေးနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘောလုံးသမားဘဝအဆုံးသတ်တော့မယ့်အချိန်မှာ စကားနည်းနည်းပြောချင်ပါတယ်။

နေလို့အရမ်းကောင်းတဲ့ဒီမြို့က ကျွန်တော့်ကိုအားပေးချစ်ခင်ခဲ့ကြတဲ့လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့အားလုံးက ကျွန်တော့်ရဲ့ရင်ထဲမှာ အမြဲရှိနေမှာပါ”လို့ ရေးထားသည်။

ပရိသတ်အချို့က မယုံနိုင်အောင်ဖြစ်နေပြီး အချို့ကမူ မာရက်ဇ်၏အကောင့်ကို တစုံတဦးက ခိုးယူသုံးစွဲပြီး နောက်ပြောင် လိမ်လည်နေခြင်းသာဖြစ်သည်ဟု ဆိုသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly