၂၀၀၉ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်ကို ပြန်လည်တက်ရောက်နိုင်ခဲ့တဲ့ လီဗာပူးလ်

၂၀၀၉ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်ကို ပြန်လည်တက်ရောက်နိုင်ခဲ့တဲ့ လီဗာပူးလ်
(ဓာတ်ပုံ - UCL)

ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲတစ်ပွဲဖြစ်တဲ့ လီဗာပူးလ်နဲ့ ပေါ်တိုတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ နှစ်ဖက်အသင်း ဂိုးမရှိ သရေကျခဲ့ပြီးနောက် လီဗာပူးလ်အသင်းက နှစ်ကျော့ပေါင်း ၅-၀ ဂိုးဖြင့် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဒါဟာ လီဗာပူးလ်အသင်းအတွက် ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ပြန်လည်တက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ လီဗာပူးလ်အသင်းက ဆာနေးရဲ့ ဂိုးကန်သွင်းမှု ဘားတန်းထိချက်နဲ့ ဒီဇန်လိုဗရန်ရဲ့ ခေါင်းတိုက် လွှဲချော်ဂိုးတွေသာ မြင်တွေ့ရပါတယ်။

ဒုတိယပိုင်းမှာ မာဂျီဝါရစ်ရဲ့ ကန်ချက်ဟာ ပေါ်တိုအသင်းအတွက် တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်မှု တစ်ကြိမ်သာဖြစ်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းကတော့ အခွင်အရေးတွေ ရခဲ့ပေမယ့် အဆုံးသတ်ပိုင်း လွှဲချော်မှုတွေကြောင့် အန်ဖီးလ်မှာ သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

လီဗာပူးလ်အသင်းဟာ မတ်လ ၁၆ ရက်နေ့မှာ ကွာတားဖိုင်နယ်အတွက် မဲခွဲအပြီးမှာ ဘယ်အသင်းနဲ့ တွေ့ဆုံမလဲဆိုတာကို စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဧပြီလ ပထမနဲ့ ဒုတိယအပတ်တွေမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ရလဒ်
လီဗာပူးလ် ဝ-၀ ပေါ်တို (နှစ်ကျော့ပေါင်း ၅-၀ ဂိုးဖြင့် လီဗာပူးလ် ကွားတာဖိုင်နယ်တက်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags