ဘတ်ဟိုးယာဉ်တင်ဆောင်လာသော ၁ဝ ဘီးကား ဖြတ်မောင်းစဉ် တံတားကျိုးကျမှုအား ကုမ္ပဏီမှ ပြန်လည် ပြုပြင်ပေးမည်

ဘတ်ဟိုးယာဉ်တင်ဆောင်လာသော ၁ဝ ဘီးကား ဖြတ်မောင်းစဉ် တံတားကျိုးကျမှုအား ကုမ္ပဏီမှ ပြန်လည် ပြုပြင်ပေးမည်
ဓာတ်ပုံ - ပြည်ထဲရေး

ရန်ကုန်၊ မတ်လ ၆ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်ရှိ ချောင်းကြီးချောင်းအား ဖြတ်သန်းဖောက်လုပ်ထားသော တံတား ပေါ်မှ ဘတ်ဟိုးယာဉ်တင်ဆောင်ထားသော ၁ဝ ဘီးကားတစ်စီး ဖြတ်မောင်းစဉ် တံတားကျိုး ကျသွားမှုအပေါ်  ကုမ္ပဏီမှ ပြန်လည်ပြုပြင်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ မတ်လ ၆ ရက်တွင် သတင်း ထုတ်ပြန်သည်။

မတ်လ ၄ ရက်နေ့၊ ည ၅ နာရီခန့်အချိန်တွင် ဂျီဟိုပလိမ်းလမ်းတံတားကုမ္ပဏီပိုင်  ၁ဝ ဘီးကားမှ CAT အမျိုးအစား ၅ တန်အလေးရှိ ဘက်ဟိုးယာဉ် ကိုတင်ဆောင်ပြီး တံတားကို ဖြတ်ကူးစဉ် ကျိုးကျသွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ကျိုးကျသွားခဲ့သည့်အတွက် ဂျီဟိုပလိမ်းလမ်းတံတားကုမ္ပဏီမှ အဆိုပါ တံတားကို ပြန်လည်ပြုပြင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဘတ်ဟိုးယာဉ်တင်ဆောင်လာသော ကားကို အသက် ၅၁ နှစ်ခန့်အရွယ် ဦးဝင်းတင်ဆိုသူက မောင်းနှင်လာ ခြင်းဖြစ်ပြီး ယာဉ်မောင်းအပါအဝင် ကားပေါ်ပါရှိသည့် လူ ၇ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း ပြည်ထဲ ရေး သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့  ယာဉ်ဖြတ်ကူးစဉ် ကျိုးကျသွားခဲ့သည့် ချောင်းကြီးချောင်းအား ဖြတ်သန်းဖောက်လုပ်ထားသော ကူးဆိပ် တံတားမှာ သံကူကွန်ကရစ်တိုင်၊ သံဘောင် လက်ရန်း၊ ပျဉ်ခင်း အမျိုးအစားဖြစ်ပြီး အရှည် ၁၄ဝ ပေ၊ အမြင့် ၂၁ ပေ၊ အကျယ် ၁၃ ပေ ၆ လက်မ ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required