အိန္ဒိယမှာ ထရပ်ကားတစ်စီး တံတားပေါ်ကနေ ထိုးကျတိမ်းမှောက်၍ လူပေါင်း ၂၅ ဦးထက်မနည်း သေဆုံး

အိန္ဒိယမှာ ထရပ်ကားတစ်စီး တံတားပေါ်ကနေ ထိုးကျတိမ်းမှောက်၍ လူပေါင်း ၂၅ ဦးထက်မနည်း သေဆုံး

 

မတ် ၆ ။          ။ အိန္ဒိယနိုင်ငံအနောက်ပိုင်းမှာ မတ်လ ၆ ရက်အစောပိုင်းက မင်္ဂလာဆောင်ပွဲသွားတဲ့  ထရပ်ကားတစ်စီး တံတားတစ်စင်းပေါ်ကနေ ထိုးကျတိမ်းမှောက်သွားခဲ့လို့ အနည်းဆုံး လူ ၂၅ ဦး သေဆုံးခဲ့ပါတယ်။

ဂူဂျာရတ်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အဆိုပါဖြစ်စဉ်မှာ သေဆုံးသူအများစုကတော့ အမျိုးသမီးနဲ့ ကလေးတွေဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ ထရပ်ကားဟာ အရှိန်မထိန်းနိုင်ဖြစ်ပြီး  တံတားပေါ်ကနေ အောက်ကို ထိုးကျသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ကားဟာ တံတားတစ်စင်းပေါ် အရောက်မှာတော့ အရှိန်မထိန်းနိုင်ဘဲ ရှစ်မီတာအမြင့်ရှိ တံတားအောက် ကြမ်းပြင်ဆီ ထိုးကျသွားခဲ့တာဖြစ်ပါတယ်။

" ဒီ ကားမှာ လူ အယောက် ၆၀ လောက် လိုက်လာတယ်လို့ သိရပါတယ်၊ သေဆုံးသူအများစုကတော့ အမျိုးသမီးနဲ့ ကလေးတွေဖြစ်ကြပါတယ်" လို့ ဂူဂျာရတ် ရဲတပ်ဖွဲ့မှာ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ K.J Kadapda က ပြောပါတယ်။

အလားတူ တိမ်းမှောက်သွားတဲ့ ကားထဲမှာ ပိတ်မိနေသူတွေ ရှိနေဆဲဖြစ်တာကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်သေးတယ်လို့လည်း သိရပါတယ်။

အဆိုပါ ဖြစ်စဉ်ကတော့ Ahmedabad မြို့ကနေ ကီလိုမီတာ ၂၀၀ အကွာ Bhavnagar ဒေသမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required