မကြာမီတွင် ထွက်ရှိမည့် ရိန်း၏ အက်ရှင်ဒရာမာဇာတ်လမ်းတွဲ၌ ပါ၀င်ပူးပေါင်းတော့မည့် လီဒေါင်ဂန်း

မကြာမီတွင် ထွက်ရှိမည့် ရိန်း၏ အက်ရှင်ဒရာမာဇာတ်လမ်းတွဲ၌ ပါ၀င်ပူးပေါင်းတော့မည့် လီဒေါင်ဂန်း

 

တောင်ကိုရီးယားမှ နာမည်ကြီးဝါရင့်မင်းသားလီဒေါင်ဂန်းသည် နာမည်ကျော် အဆိုတော်နှင့်သရုပ်ဆောင်ဖြစ်သူ ရိန်း၏ မကြာမီတွင်ထွက်ရှိတော့မည့် အက်ရှင်ဒရာမာဇာတ်လမ်းတွဲအသစ်တစ်ခု၌ ပါဝင်သရုပ်ဆောင်တော့မည် ဖြစ်သည်။

မတ်လ ၅ ရက်နေ့တွင် သူ၏အေဂျင်စီဖြစ်သော FNC Entertainment က “လီဒေါင်ဂန်းဟာ JTBC ရဲ့ Sketch ဆိုတဲ့ ဒရာမာဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖို့ အတည်ပြုခဲ့ပါတယ်” ဟု ပြောဆိုခဲ့သည်။

အက်ရှင်ဒရာမာအမျိုးအစားဖြစ်သော Sketch သည် ဘဝကံကြမ္မာကို ပြောင်းလဲရန်အတွက် ကြိုးပမ်းနေသူ နှစ်ဦး၏ အချစ်မေတ္တာနှင့် ကြမ္မာကိုပုံဖော်ထားသော ဇာတ်လမ်းဖြစ်သည်။ ယင်းဇာတ်လမ်းတွင် ရိန်းက အဓိက ဇာတ်ကောင်နေရာမှ ပါဝင်သရုပ်ဆောင်မည်ဟု သိရသည်။

ယင်းဇာတ်လမ်းတွဲကို Yoo Na’s Street နှင့် The Duo တို့ကိုရိုက်ကူးခဲ့သော ဒါရိုက်တာအင်တေးဝူးက ရိုက်ကူးမည်ဖြစ်သည်ပြီး လာမည့်မေလတွင် ထုတ်လွှင့်ပြသ သွားရန်စီစဉ်ထားသည်။

Ref: Soompi

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required