ပါကစ္စတန်မှာ ကျင်းပတဲ့ မိကျောင်းပွဲတော်

ပါကစ္စတန်မှာ ကျင်းပတဲ့ မိကျောင်းပွဲတော်

 

မတ် ၆ ။             ။ ပါကစ္စတန်ရှိ  Sheedi လူမျိုးစုတို့ ကျင်းပနေကျဖြစ်တဲ့ ထူးခြားတဲ့ မိကျောင်း ပွဲတော်ကိုတော့ ကရာချိမြို့ စွန်က Manghopir ဘာသာရေးဗိမာန်မှာ  ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ မိကျောင်းပွဲတော်ကိုတော့ ပြီးခဲ့တဲ့နှစ်တွေက လုံခြုံရေး အခြေအနေကြောင့် ရွှေ့ဆိုင်းထားခဲ့ရပြီး ယခုမှ ပြန်လည်ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။

ယင်း မိကျောင်းပွဲတော်ကတော့ ပါကစ္စတန်ရောက် အာဖရိကန်စပ် လူမျိုးစုဖြစ်တဲ့ Sheedis တို့ရဲ့ အထိမ်းအမှတ် ပွဲတစ်ခုလည်းဖြစ်ပါတယ်။

Manghopir ဗိမာန်မှာတော့ Sheedis လူမျိုးစု ကိုးကွယ်တဲ့ မိကျောင်းကောင်ရေ ၁၀၀ ကျော် ရှိရာနေရာတစ်ခုလည်း ဖြစ်ပါတယ်။

" ဒီပွဲတော် အရင်နှစ်တွေက မကျင်းပဖြစ်ခဲ့ပါဘူး၊ဘာလို့ဆိုတော့ လုံခြုံရေးအခြေအနေက တော်တော်ဆိုးနေခဲ့လို့ပါ၊ ပြီးခဲ့တဲ့ ခြောက်နှစ် ရှစ်နှစ်က အခြေအနေတော်တော်ဆိုးပါတယ်၊ ဒီ ဘုရားကျောင်း ဗိမာန်ကို ဘယ်သူမှ မလာရခဲ့ကြဘူးလေ၊ ခုတော့ အခြေအနေ ပြန်စိတ်ချလာရလို့ ခုလို ကျင်းပနိုင်တာဖြစ်ပါတယ်" ဆိုပြီး မိကျောင်းထိန်းသိမ်းစောင့်ရှောက်သူတစ်ဦးဖြစ်တဲ့ မိုဟာမက် ဆာဂျက်ဒ်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly