သူပုန်များထိန်းချုပ်ထားရာ ဆီးရီးယား အရှေ့ဂူတာဒေသသို့ အကူအညီပေးရေးယာဉ်တန်း ရောက်ရှိ

သူပုန်များထိန်းချုပ်ထားရာ ဆီးရီးယား အရှေ့ဂူတာဒေသသို့ အကူအညီပေးရေးယာဉ်တန်း ရောက်ရှိ

 

မတ် ၆ ။                                    ။ ပြီးခဲ့သည့် ကာလများအတွင်း တိုက်ပွဲများပြင်းထန်နေခဲ့သည့် ဆီးရီးယား အရှေ့ဂူတာဒေသသို့ မတ်လ ၅ ရက်က နိုင်ငံတကာအကူအညီပေးရေး ယာဉ်တန်းတစ်ခု ရောက်ရှိသွားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သို့သော် အဆိုပါ ဒေသရှိ သူပုန်များအပေါ် ဆီးရီးယားအစိုးရတပ်များဘက်က ဆက်လက်ချေမှုန်းတိုက်ခိုက်ဦးမည့်ဆဲဆဲ အခြေအနေရှိနေသဖြင့် အကူအညီပေးရေး ယာဉ်တန်းမှာ လိုအပ်သည့်အကူအညီပစ္စည်းတွေကို အားချင်း ချထားပေးခဲ့ရပြီး ယင်းဒေသမှ ခပ်မြန်မြန် ပြန်လည်ထွက်ခွာလာခဲ့ရကြောင်း သိရသည်။

အဆိုပါ ဂူတာဒေသ တိုက်ပွဲများကြောင့် လက်ရှိအချိန်ထိ အပြစ်မဲ့အရပ်သား ၆၈ ဦးထက်မနည်း သေဆုံးထားခဲ့ပြီဖြစ်ကြောင်း စောင့်ကြည့်အဖွဲ့တစ်ခုက ပြောသည်။

သတင်းများအရ ဆီးရီးယားအစိုးရတပ်က အဆိုပါ ဂူတာဒေသ သုံးချိုးတစ်ချိုးကို ပြန်လည်သိမ်းယူထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဒါဇင်နှင့်ချီသည့် အကူအညီပေးရေး ထရပ်ကားများမှာ ယင်းဒေသ၏ အဓိကကျသော ဒိုမာမြို့အထိ ရောက်ရှိခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။

အဆိုပါ သေကျေပျက်စီးမှု များပြားနေခဲ့သည့် ဒေသသို့ ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်အကြာကလည်း ပထမဆုံးသော အကူအညီယာဉ်တန်း ဆိုက်ရောက်သွားခဲ့စဉ်ကလည်း ယာဉ်တန်းတွင်ပါလာသည့် ထောက်ပံ့မှုပစ္စည်းတစ်ချို့ကို ဆီးရီးယားအစိုးရက ပိတ်ဆို့ဖယ်ရှားပစ်ခဲ့ကြောင်းလည်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required