ကွယ်လွန်သွားသည့် အက်စတိုရီကိုစာချုပ်သစ်ချုပ်ပြီး မိသားစုကိုထောက်ပံ့ရန် ဖီအိုရင်တီးနားစီစဉ်

ကွယ်လွန်သွားသည့် အက်စတိုရီကိုစာချုပ်သစ်ချုပ်ပြီး မိသားစုကိုထောက်ပံ့ရန် ဖီအိုရင်တီးနားစီစဉ်

 

မတ် ၆၊ ဖလောရင့်စ်။            ။ ဖီအိုရင်တီးနားအသင်းသည် တနင်္ဂနွေနေ့က ကွယ်လွန်သွားသော အသင်းခေါင်းဆောင်အက်စတိုရီ၏စာချုပ်ကို အသစ်ချုပ်ဆိုပြီး ၎င်း၏မိသားစုအားထောက်ပံ့ပေးရန် စီစဉ်နေသည်။

အသက် ၃၁ နှစ်အရွယ်ကစားသမားသည် အူဒီးနီးစ်အသင်းနှင့် စီးရီးအေပွဲကစားမည့်နေ့တွင် ဟိုတယ်၌အိပ်နေရာမှပြန်နိုးလာ ခြင်းမရှိဘဲ ကွယ်လွန်သွားခဲ့သူဖြစ်သည်။

ကွယ်လွန်ရသည့်အကြောင်းရင်းကိုစုံစမ်းနေဆဲဖြစ်ပြီး ကနဦးသတင်းများတွင် အသတ်ခံရခြင်းမဖြစ်နိုင်ဟု ဖော်ပြနေကြသည်။ အက်စတိုရီသည် တနင်္လာနေ့တွင် စာချုပ်သစ်ချုပ်ရန်ရှိနေသူဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ အန်ဒရီယာ ဒယ်လာ ဗယ်လီက ပြောသည်။

ဖီအိုရင်တီးနားအသင်းက စာချုပ်သစ်ချုပ်ကာထောက်ပံ့မည့်အစီအစဉ်ကို အီတလီအိုလံပစ်ကော်မတီဥက္ကဋ္ဌ ဂျီယိုဗန်နီ မာလက်ဂို ကလည်း ချီးကျူးခဲ့သည်။

“အက်စတိုရီကိုစာချုပ်သစ်ချုပ်ပြီး မိသားစုကိုထောက်ပံ့ပေးဖို့ သူတို့ဆုံးဖြတ်ခဲ့ကြတယ်။ တကယ့်ကို ဂုဏ်ပြုချီးကျူးထိုက်တဲ့ ဆုံးဖြတ်ချက်ပါပဲ။ အသင်းဥက္ကဋ္ဌ အန်ဒရီယာ၊ အမှုဆောင်ဥက္ကဋ္ဌ မာရီယိုတို့ကိုကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ တုန့်ပြန်ပုံက အရမ်းကောင်းပါတယ်”ဟု ဂျီယိုဗန်နီက ပြောသည်။

အက်စတိုရီတွင် ကာလရှည်လက်တွဲလာသည့်ချစ်သူ ဖရန်ဆက်စကာနှင့် နှစ်နှစ်အရွယ်သမီး ဗစ်တိုးရီးယားတို့ကျန်ရစ်ခဲ့ပြီး ၎င်း၏ဈာပနအခမ်းအနားကို ကြာသပတေးနေ့တွင် ပြုလုပ်မည်ဖြစ်သည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required