နျူကလီးယားသဘောတူညီချက်ကို အမေရိကန်တို့လေးစားဖို့ တွန်းအားပေးရန် ဥရောပကို အီရန်တောင်းဆို

နျူကလီးယားသဘောတူညီချက်ကို အမေရိကန်တို့လေးစားဖို့ တွန်းအားပေးရန် ဥရောပကို အီရန်တောင်းဆို

 

တဟီရန်၊ မတ် ၆ ။               ။ လွန်ခဲ့သော ၂၀၁၅ ခုနှစ်ကအီရန်နှင့် အင်အားကြီးနိုင်ငံ ၆ နိုင်ငံတို့ လက်မှတ်ရေးထိုးထားခဲ့သော နျူကလီးယား သဘောတူညီချက်အတွင်းမှ နှုတ်ထွက်သွားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက်နေသော ကြောင့် အမေရိကန်တို့အနေဖြင့် ထိုစာချုပ်ကိုလေးစားသမှုပြုဖို့ တွန်းအားပေးကြရန် ဥရောပနိုင်ငံများအား အီရန်နိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့၌ တောင်းဆိုခဲ့သည်။

မိုဟာမက်ဂျာဗက်ဇာရစ်ဖ်သည် အီရန်နိုင်ငံမြို့တော် တဟီရန်၌ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်ယီဗက်လီဒရီ ယန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်တွင် ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

“ဥရောပနိုင်ငံများအနေနဲ့ ဒီသဘောတူညီချက်အောက်မှာ ထားရှိထားတဲ့ ကတိကဝတ်အတိုင်း လိုက်နာသွားဖို့ လိုအပ်သလို အမေရိကန်တို့ဘက်က လိုက်နာသွားဖို့ကိုလည်း တွန်းအားပေးသင့်ပါတယ်” ဟု ဇာရစ်ဖ်က ဆိုခဲ့ သည်။

အမေရိကန်တို့အနေဖြင့် ယုတ္တိမရှိသည့်၊ တရားဝင်မဟုတ်သည့် တောင်းဆိုချက်များကို ဆက်လက်တောင်းဆို နေခြင်းအား ဥရောပနိုင်ငံများအနေဖြင့် ခွင့်မပြုသင့်ကြောင်းကိုလည်း ဇာရစ်ဖ်က အလေးပေးပြောဆိုခဲ့သည်။

အီရန်တို့သည် နိုင်ငံတကာမှ ဘဏ္ဍာရေးအရပိတ်ဆို့ထားမှုများကို အဆုံးသတ်ပေးပါက ၎င်းတို့၏ယူရေနီယံ ပေါကြွယ်ဝရေးစီမံကိန်းကို ကန့်သတ်ပေးမည်ဟု အပြန်အလှန်သဘောတူညီကာ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

သို့သော်လည်း ဝါရှင်တန်အစိုးရက အီရန်အစိုးရအနေဖြင့် နျူကလီးယားသဘောတူညီချက်ထဲ၌ ဆက်လက် ပါဝင်ချင်ပါက ၎င်းတို့၏ပဲ့ထိန်းတပ်ဒုံးပျံစမ်းသပ်မှုများကို ရပ်တန့်ပစ်ရမည်ဟု   တောင်းဆိုနေသည့်အတွက် ဥရောပအနေဖြင့် ယင်းနိုင်ငံတကာသဘောတူညီချက်ကို ကာကွယ်ပေးရန် ဇာရစ်ဖ်က တိုက်တွန်းခဲ့ခြင်းဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required