"သောက်သုံးရေ မခက်တော့တဲ့ ရေရှင်ရွာလေး"

"သောက်သုံးရေ မခက်တော့တဲ့ ရေရှင်ရွာလေး"
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

 

မန္တလေး၊မတ် ၆ ။                          ။ နွေရောက်မှာကို ရေအတွက်တွေးကြောက်နေတဲ့ ရွာလေး။ ရေရရှိဖို့ ၂မိုင်နီးပါးဧရာဝတီမြစ်စီ အပြေးအလွှား သွားသွားခပ်ရတဲ့ရွာလေး။ စက်ရေတွင်းတူးဖို့ခက်ခဲတဲ့ရွာလေး။အဲဒီရွာလေးကတော့ စဉ့်ကူးမြို့နယ်ထဲက ရေရှင်ဆိုတဲ့ရွာလေးပါ။

ရေရှင်ဆိုတဲ့ရွာလေးဟာ အိမ်ခြေ ၂၀၀နီးပါးရှိပါတယ်။အဓိကလုပ်ငန်းကတော့ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းပါ။ ရွာလေးဟာ စီးပွားရေးအနေနဲ့အဆင်ပြေပေမယ့်   သောက်သုံးရေအတွက်ကတော့ နှစ်စဉ်သောကဖြစ်နေရပါတယ်။

အဲဒီသောကကို ဖြေဆည်းပေးလိုက်တာကတော့ ဒီဒေသမှာလာရောက်ရွှေတူးဖော်နေတဲ့ သိဒ္ဓိအောင်ရွှေမိုးကုမ္ပဏီပဲဖြစ်ပါတယ်။

ရွာဦးကျောင်းဆရာတော်နဲ့ရွာမိ၊ရွာဖတို့က မိုးရာသီရောက်ရင် ရေစုဖို့ကန်တစ်ခုတူးဖော်ပေးဖို့ ကုမ္ပဏီကို အကူအညီတောင်းခဲ့ပါတယ်။

အကူအညီတောင်းလိုက်တာနဲ့ ရွာသူ၊ရွာသားတွေနဲ့ညှိုင်းပြီး သူတို့ကြိုက်တဲ့နေရာ ရွာနဲ့နီးတဲ့နေရာ မိုးရွာရင် တောင်ကျရေစုလို့အဆင်ပြေမယ်နေရာကို တူးဖော်ခဲ့ကြပါတယ်။ ဒီလိုတူးဖော်နေစဉ်မှာ ရေထွက်လာပါတယ်။ သဘာဝစိမ့်တွင်းတစ်ခုဖြစ်လာပါတယ်။

မျှော်လင့်မထားဘဲ အခုလိုရေထွက်ခဲ့တာကြောင့် ရေမျက်ရွာလေးဟာ သောက်သုံးရေကို အလွယ်တကူ ခတ်ယူသုံးစွဲလို့ရနေပါတယ်။

အရင်ကတော့ ဧရာဝတီမြစ်စီ ဆိုင်ကယ်၊လှည်းစတာတွေနဲ့သွားရောက်ခပ်ယူရပါတယ်။ အဲလိုသွားမခပ်နိုင်သူတွေက ဝယ်ယူသုံးစွဲခဲ့ရပါတယ်။

အခုထွက်ရှိတဲ့ရေကို ဓါတ်ခွဲစမ်းသပ်ပေးသွားဖို့လည်း ကုမ္ပဏီကဆောင်ရွက်ပေးနေပါတယ်။ ဒီရေကို ရေရှည်သောက်သုံးရေအဖြစ်အသုံးပြုနိုင်ဖို့နဲ့ထိန်းသိမ်းဖို့အတွက်လည်း ရွာဦးကျောင်းဆရာတော်နဲ့ ကုမ္ပဏီကဆောင်ရွက်ပေးသွားမှာပါ။

တူးဖော်တာကို အခုနှစ် နှစ်စကလုပ်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင် မနက်ပိုင်းနဲ့ညနေပိုင်းတွေမှာ ပုံးကိုယ်စီ၊ရေအိုးကိုယ်စီနဲ့အုပ်စုလိုက်ပျော်ရွှင်စွာရေခပ်ဆင်းနေကြပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly