ရီးယဲလ်အသင်းကို ပီအက်စ်ဂျီအသင်း အနိုင်ကစားနိုင်ကြောင်း ဒန်နီအဲလ်ဗတ်စ် ယုံကြည်

ရီးယဲလ်အသင်းကို ပီအက်စ်ဂျီအသင်း အနိုင်ကစားနိုင်ကြောင်း ဒန်နီအဲလ်ဗတ်စ် ယုံကြည်
(ဓာတ်ပုံ - အီးပီအေ)

ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးနောက်ခံလူ အဲလ်ဗတ်စ်က သူ့ရဲ့ အသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ရယူနိုင်ပြီး ဆုဖလားအတွက် ကြီးမားတဲ့ နောက်ထပ်ခြေလှမ်းတစ်ခု လှမ်းနိုင်မယ်လို့ ယုံကြည်ကြောင်း တနင်္လာနေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီပွဲစဉ်ဟာ ပထမအကျော့ ၃-၁ ဂိုးရလဒ်အရှုံးကနေ ပြန်လာဖို့ လိုအပ်နေတာက ပီအက်စ်ဂျီအသင်းအတွက် လွယ်ကူမှာတော့ မဟုတ်ဘူးလို့ အဲလ်ဗတ်စ်က သိရှိထားတယ်လို့ ဆိုပါတယ်။

“ဒါဟာ ကျနော်တို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပါလိမ့်မယ်။ ဒီပြိုင်ပွဲမှာ ပီအက်စ်ဂျီရဲ့ သမိုင်းကို ကျနော်တို့က ပြောင်းလဲနိုင်မှာပါ။ ယေဘုယျအားဖြင့် ကျနော်တို့မှာ ကစားသမားတွေနဲ့ အုပ်စုတစ်ခု၊ ကလပ်အသင်းတစ်သင်းအဖြစ် နောက်တစ်ဆင့်ကို တက်လှမ်းဖို့ ထူးခြားတဲ့ အခွင့်အလမ်းတစ်ခု ရှိနေပါတယ်။”လို့ အဲလ်ဗတ်စ်က အင်္ဂါနေ့မှာ ကစားမယ့် ဒုတိအကျော့ပွဲစဉ်အတွက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျနော်တို့မှာ ဒီပြိုင်ပွဲရဲ့ ချန်ပီယံအသင်းကို ဖယ်ရှားပစ်ဖို့ အခွင့်အလမ်းရှိပါတယ်။ ဒါကို လုပ်ဆောင်နိုင်မယ်ဆိုရင် ဆုဖလားဆီ ပိုမိုနီးကပ်စေတယ်လို့ သမိုင်းက သက်သေပြပြီးဖြစ်ပါတယ်။ ဒီစိတ်ဓာတ်နဲ့ပဲ ကျနော်တို့ရဲ့ ပြိုင်ဘက်အသင်းကို ရင်ဆိုင်သွားပါလိမ့်မယ်”လို့ သူက ဆက်ပြောပါတယ်။

အဲလ်ဗက်စ်က ပထမအကျော့မှာ သူတို့ဟာ ပွဲချိန်တော်တော်များများကို လွှမ်းမိုးထားခဲ့ပြီး အသင်းဟာ ပိုပြီး အနိုင်ရရန် ထိုက်တန်ခဲ့ပေမယ့် ရီးယဲလ်အသင်းအတွက် အနိုင်ရရှိဖို့ “၁၀ မိနစ်က လုံလောက်ခဲ့တယ်”လို့ ပြောဆိုသွားပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags