သံဓာတ်နဲ့ ကျန်းမာရေး

သံဓာတ်နဲ့ ကျန်းမာရေး

 

အသွေးနဲ့အသားနဲ့တည်ဆောက်ထားတဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကြီးကို နေ့စဉ် လှုပ်ရှားသွားလာ နိုင်ဘို့ စွမ်းအင်တွေလိုပါတယ် ။ အဲဒီစွမ်းအင်တွေကို အစားအသောက်ကနေရယူပါတယ် ၊ နောက် လိုအပ်ရင် ဆေးဝါးတွေကနေလည်း ရယူရပါတယ် ။ ဗီတာမင်တွေ ၊ သတ္ထုဓာတ်တွေနဲ့ အားဖြည့်ရပါ တယ် ။ အဲဒီလိုဓာတ်တွေထဲမှာ သံဓာတ်ကလည်း ခန္ဓာကိုယ်အတွက် အင်မတန် အရေးပါနေပါတယ် ၊ သံဓာတ်ချို့တဲ့ပြီဆိုရင် ဦးနှောက်က အာရုံစူးစိုက်လို့မရတော့ဘဲ ခေါင်းမူးလာမယ် ၊ ခေါင်းကိုက်လာ မယ် ၊ ဖျားနာလာပါမယ် ။ အဓိက အများဆုံးဖြစ်တာကတော့ လူက မလန်းဆန်းတော့ဘဲ မောပန်း နေပါမယ် ။ ဘာမှမလုပ်ရသေးဘူး မောလာမယ်။ စာမေးပွဲဖြေကြမယ့် ကျောင်းသား ကျောင်းသူလေး တွေမှာ အဲဒီလိုမျိုးဖြစ်တတ်တဲ့ အခါကျတော့ စာတွေကို ဖတ်ဖို့လည်းမလွယ် မှတ်ဖို့လည်းမလွယ် တော့ဘဲ ညလုံးပေါက်စာတွေ ကျက်သော်ငြားလည်း ဦးနှောက်ကမမှတ်မိတော့ဘဲ ဖြစ်နေပါလိမ့်မယ် ။

လူကမလန်းဆန်းတဲ့အခါ ကလေးတွေရဲ့စိတ်က အဲဒီအချိန်မှာ ကယောက်ကယက်ဖြစ်သွားတတ်ပါ တယ်။ စာတွေကို ပြီးအောင်ဆိုပြီးတော့ ညလုံးပေါက်စာကျက်တယ်။ အဲဒီအခါမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီအချိန်မှာ မိဘတွေက ဘာလုပ်ပေးလဲဆိုတော့ င့ါသားလေး တွေ ငါ့သမီးလေးတွေ မအိပ်ရအောင်ဆိုပြီးတော့ ကော်ဖီတိုက်တာတွေ လက်ဖက်သုတ်ပြီးကျွေးတာ မျိုးတွေလုပ်ပြီး မျက်လုံး ကြောင်သွားအောင်လုပ်တတ်ကြပါတယ် ။ နောက်တစ်ခါ ညလုံးပေါက်နေ နိုင်မယ့် ကျွဲရိုင်းတို့ လစ်ပိုတို့ လိုမျိုး အချိုရေတွေ တိုက်ကြပါတယ် ။ တစ်ဒင်္ဂလေးတော့ လန်းသွားပြီး မအိပ်တော့ဘဲ နေနိုင်သွားပါတယ် ။ ဒါပေမယ့် အဲဒီခန္ဒာကိုယ်ကြီးက တကယ်တမ်း လန်းသွားတာ မဟုတ်ဘဲ ခနလေး လန်းသွားပြီး ခန္ဓာကိုယ်မှာ တကယ်ရှိပြီးသား စွမ်းအင်တွေကို အဲဒီအချိန်မှာ ပြဿ နာ ဖြစ်သွားနိုင်ပါသေးတယ်တယ်။ အဲဒီတော့ ကြိုးစားပမ်းစားနဲ့ ကျက်ထားတဲ့ စာလေးတွေတောင် နောက်နေ့ စာမေးပွဲ ခန်းထဲရောက်ရင် မမှတ်မိဘဲနဲ့ မေ့သွားတာမျိုးတွေ လည်းဖြစ်တတ်ပါတယ်။ မိဘတွေအနေနဲ့လည်း ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့နေရာမှာ မအိပ်အောင်လို့ အားဖြည့် အရည်တွေ ကော်ဖီတွေ လက်ဖက်တွေ ကျွေးမယ့်အစား ၊ တကယ့်ကို အာဟာရပြည့်စေမယ့် ဦးနှောက်ဉာဏ်ကို အားဖြစ်စေမယ့် အစားအသောက်တွေကို ကျွေးသင့်ပါတယ်။ အဓိကကတော့ သံဓာတ်ပဲ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံ မှာ သုတေသန တွေ့ရှိချက်အရ အသားဓာတ် ၊ အိုင်အိုဒင်းဓာတ် ၊ သံဓာတ် ၊ ဗီတာမင်အေ နဲ့ ဗီတာမင်ဘီဝမ်း ချို့တဲ့နေတာတွေ တွေ့ရပါတယ် ။ အရေးကြီးတာက  ကလေးတွေ စားနေတဲ့ မနက်စာရယ် နေ့ခင်းစာရယ် ညစာရယ်တွေမှာ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ထည့်ပြီးတော့ ကျွေးပေးမယ်ဆိုရင် ကလေးရဲ့ ဦးနှောက်နဲ့ အာရုံစူးစိုက်မှုဟာ ပိုကောင်းလာမယ် ၊ စာတွေမှတ်ရတာလည်း လွယ်လာပါတယ်။ ပိုပြီးတော့လည်း မှတ်မိလာပါတယ်။ ခန္ဓာယ်ကိုယ်ရဲ့ အင်မြူးစစ်စတန် က ပိုကောင်းလာတဲ့အတွက် ညလုံးပေါက်လည်း စာကျက်စရာမလို တော့ဘဲ ကျက်ထားတဲ့စာတွေကိုလည်း စိတ်လှုပ်ရှားမှုမရှိဘဲနဲ့ အလွတ်ရနေမှာဖြစ်ပါတယ် ။

နောက်တစ်ခါ ရာသီဥတုကလည်း ပူလာပြီ ဆိုတော့ အာဟာရကြီးခြောက်မျိုးထဲမှာ မရှိမဖြစ်လိုအပ် တာက ရေဓာတ် ပဲဖြစ်ပါတယ် ။ရေကို လုံလောက်အောင် သောက်ရပါမယ်။ အချိုရည်တွေ သောက်မှ ရေဓာတ်ရတာမဟုတ်ဘဲ ၊ရေဓာတ်က သန့်တဲ့ ရေသန့်သောက်ရင်လည်း အာဟာရကပြည့်တာပဲဖြစ်ပါ တယ် ။ ခန္ဓာကိုယ်က တစ်နေ့ကို ရေ ၅ လီတာ ၆ လီတာလောက်လိုအပ်ပါတယ် ။ ရေကို လုံလောက် အောင် သောက်ရပါမယ်။ ရေဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက်တွေကို လုံလောက်အောင် စားပေးရပါ မယ်။ ရေဓာတ်နဲ့သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေဆိုတာ အစိမ်းအရင့်ရောင်တွေရှိတဲ့ ဟင်းရွက်တွေအကုန်လုံးပဲဖြစ်ပါတယ် ။ ဟင်းနုနွယ်ရွက် ကန်စွန်းရွက်စသည်တို့အထဲမှာ သံဓာတ်တွေ အများကြီပါတာက ဟင်းနုနွယ်ရွက်ပဲဖြစ်ပါတယ် ။

အထူးသဖြင့် အမျိုးသမီးလေးတွေဆိုရင် ဓမ္မတာအစ ရာသီလာတဲ့ ၁၂ နှစ်အရွယ်ကနေ သွေးဆုံးတဲ့ ၄၉ နှစ်အရွယ်ထိ ၊ တစ်လတစ်ကြိမ် သုံးရက်တန်သည် ငါးရက်တန်သည် သွေးဆုံးရှုံးမှုဖြစ်ပါတယ် ။  သွေးဆုံးရှုံးတော့ အဲဒီအချိန်မှာ သံဓာတ်က ချို့တဲ့ပါတယ်။

အဲဒါကို လုံလောက်အောင် ပြန်မစားရင် သွေးအားနည်းရောဂါဖြစ်တတ်ပါတယ်။ သွေးအားနည်းရောဂါဖြစ်တဲ့အခါ နောက်ဆက်တွဲ ဆေးတွေ သောက်မယ် ၊ ခန္ဓာကိုယ် အင်မြူးစစ်စတန်ကြီးက ကျမယ်။ ခန္ဓာကိုယ် ဖွဲ့စည်းမှုလည်း မမှန်တော့ဘဲ နောက်ဆက်တွဲ ဆိုးကျိုးတွေကြီးပဲ ခံစားရပါတော့တယ်။ အဲဒီလို နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်စေဘို့  မနက်စာရော နေ့ခင်းစာရော ညစာပါ သရေစာကအစ အာဟာရပြည့်စုံတဲ့ အဟာရပြည့်ဝ တဲ့ အသီးတွေ အရွက်တွေ အသားတွေစားပေးတဲ့အခါ အဲဒီကနေ သံဓာတ်တွေရပါမယ်။ ဒါတွေ မစားဘဲနဲ့ ပိုက်ဆံမရှိလို့ ကြက်ဥလေးပဲ စားနိုင်တယ်ဆိုလို့ရှိရင်လည်း ကြက်ဥရဲ့အနှစ်ထဲမှာလည်း သံဓာတ်တွေ ပါ ပါတယ်။ ဒါတွေမှ မစားဘူး သက်သက်လွတ်ဆိုရင်လည်း ပဲမျိုးစုံစားရပါမယ်။ ကုလားပဲလိုမျိုး ၊ မြေပဲနဲ့ လုပ်ထားတဲ့ တို့ဟူး ဆိုရင်လည်း အသားဓာတ်တွေက များပါတယ်။ အဲဒီလို အသားဓာတ်တွေ များတဲ့ အပြင် ဗီတာမင်ဘီတွေကလည်း အများကြီးပါပါတယ်။ ပဲမျိုးစုံစားရင် သတ္တု ဓာတ်နဲ့သံဓာတ်လည်း အများကြီးရပါတယ်။ ဟင်းသီးဟင်းရွက်ဆိုရင်လည်း လတ်လတ်ဆတ်ဆတ်ဖြစ် တဲ့ ပန်းဂေါ်ဖီတွေ ဂေါ်ဖီထုတ်တွေ ဟင်းနုနွယ်ရွက် ဒန့်ဒလွန်ရွက် ရှောက်ရွက် နံနံပင် တွေအားလုံးက သံဓာတ်ကြွယ်ဝ တဲ့ အပြင် တခြားသော ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင် အေတွေ စီတွေပါ ရပါ မယ်။

ဒါပေမယ့် သံဓာတ်ကို ကိုယ့်ခန္ဓာကိုယ်က ပြည့်စုံအောင် စားနေသော်လည်း စားတဲ့အချိန်မှာ တွဲဖက်ပြီး စားတဲ့၊ အစားအသောက်တွေက နည်းစနစ် မမှန်ကန်ရင် အဲဒီသံဓာတ်ကို မစုပ်ယူနိုင်ဘဲဖြစ်တတ်ပါ တယ် ။ အဲဒီတော့ သံဓာတ် ချို့တဲ့ရခြင်းက လုံလောက်အောင် မစားတာတစ်ခုရယ် ၊ နောက်တစ်ခုက စားသော်ငြားလည်း တွဲဖက်ပြီး စားတာတွေက အဆင်မပြေ မှားနေတာပဲဖြစ်ပါတယ် ။ ဥပမာတစ်ခု ပြောပြပါဆိုရင် သံဓာတ်ကြွယ်ဝတဲ့ အသားတို့ အရွက်တို့ ပဲမျိုးစုံတို့ ငါးတို့ အသီးတွေ အရွက်တွေနဲ့ လက်ဖက်သုပ်လိုမျိုး ကော်ဖီလိုမျိုး ရေနွေးကြမ်းလိုမျိုးကို တွဲစားလိုက်လို့ရှိရင် ခန္ဓာကိုယ်ကြီးက အဲဒီ သံဓာတ်တွေကို မစုပ်ယူနိုင်တော့ဘဲ ၄၅ မိနစ်နဲ့ တစ်နာရီလောက် ခြားပြီးတော့မှ စားသင့် သောက် သင့်ပါတယ်။ သံဓာတ်တွေကြွယ်ဝတဲ့ နွားနို့သောက်မယ် ၊ဆိတ်နို့သောက်မယ် ။ ဗီတာမင်စီပါတဲ့ အသီးနဲ့ အရွက်တွေ ဖြစ်တဲ့ ဂေါ်ဖီထုတ်ဟာ လုံးဝမချဉ်ပေမယ့် ဗီတာမင်စီ အရမ်းမြင့်ပါတယ်။ ခရမ်းချဉ်သီးဆိုရင်လည်း ဗီတာမင် စီရော အေရော မြင့်ပါတယ်။ ဗီတာမင်စီမြင့်တဲ့ အရွက်တွေ အသီးတွေဖြစ်တဲ့ မာလကာသီး သဘောၤသီး နာနတ်သီး သရက်သီး လိမ္မော်သီး ရှောက်သီးတို့ကို စားလိုက်ရင် သံဓာတ်တွေကို အပြည့်အဝ စုပ်ယူနိုင်တဲ့အတွက် ခန္ဓာကိုယ်ကြီးရဲ့ အင်မြူးစစ် စတန် ကြီးက ကောင်းလာမှာဖြစ်လို့ ဦးနှောက်ရဲ့မှတ်ယူနိုင်စွမ်းတွေက အရမ်းမြင့်လာပါတယ်။ နောက်တစ် ခုက ခန္ဓာကိုယ်ကြီးရဲ့ ဖွဲ့စည်းပုံလည်းကောင်းလာမယ်။ ကြံ့ခိုင်သန်စွမ်းလာတော့ ဝင်လာမယ့် ရောဂါ တွေကိုလည်း ကိုယ်က လုံးဝ ကာကွယ်နိုင်ပါတယ်။  

သံဓာတ်ကို မဖြစ်မနေ စားသောက်ဖို့ အခုဆိုရင် သံဓာတ်ကြွယ်ဝတဲ့ အရည်တွေကို သောက်လို့ရပါ တယ်။ ကော်ဖီမစ်တွေ သောက်မယ့်အစား သံဓာတ်ကို ဖြည့်ထည့်ထားတဲ့ သောက်လို့ရတဲ့ ဖျော်ရည် တွေရှိပါတယ်။ အထူးသဖြင့် အထုပ်ကလေးတွေရဲ့ Level တွေမှာ ဖတ်ကြည့်လို့ ရပါတယ်။ ကျန်းမာ ရေးနဲ့ ညီညွတ်ဖို့ဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားရုံနဲ့ မပြီးသေးဘဲ ခန္ဓာ ကိုယ်ကြီးရဲ့ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလည်း ညီမျှနေဖို့ အရေးကြီးပါတယ်။ အဲဒါမှလည်း စားလိုက်တဲ့ အစားအသောက်တွေက ဆီးက ဆီးအဖြစ်သွားမယ်။ ဝမ်းက ဝမ်းအဖြစ်သွားမယ်။ သွေးက သွေး အဖြစ်သွားမယ် ။အသားက အသားအဖြစ်သွားပါမယ်။ သူ့ဘာသာသူ သူ့လမ်းကြောင်းနဲ့ သူ သွားနေ ဖို့အတွက် လူ့ခန္ဓာကိုယ်က တစ်နေ့တစ်နေ့ လှုပ်ရှားနေတဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုးကိုလုပ်ဖို့လည်း လိုအပ်ပါတယ်။ ဘယ်လိုလုပ်သင့်လဲဆိုတော့ တစ်နေ့ကို အနည်းဆုံး တစ်နာရီလောက် ကိုယ်လက် လှုပ်ရှား လုပ်သင့်ပါတယ်။ မနက်နာရီဝက် ညနေ နာရီဝက်လောက်ကို ဖြေးဖြေးပြေးတာမျိုး၊ အရမ်း ပြေးတာမျိုး။ ဒါမှမဟုတ်ရင်လည်း စက်ဘီးစီးတဲ့ လေ့ကျင့်ခန်းမျိုး ၊ လမ်းလျှောက်တာမျိုး ၊အက ကြိုက်ရင်လည်း ချွေးတွေဘာတွေထွက်ပြီး လှုပ်ရှားရတဲ့ အကတစ်မျိုးမျိုးကို ကလို့ရပါတယ်။ အရိုးတွေ အကြောတွေ အဆစ်တွေ အကုန်လုံးကို လှုပ်ရှားသွားစေမယ့် ကိုယ်လက်လှုပ်ရှားမှုမျိုးကိုတော့ အနည်းဆုံး တစ်နာရီ လောက်လုပ်သင့်ပါတယ်။ အဲဒီလို အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှု တွေကို နေ့စဉ် လုပ်ရင်းနဲ့ အလေ့အကျင့်ကောင်းလေးတွေက ပါသွားပါမယ်။ အဲဒါဆိုရင် လူတစ် ယောက်ရဲ့ ဘဝတစ် လျှောက်လုံးမှာ အင်မတန်မှ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Health life ဆိုတာ ရသွားပါမယ်။ ဘဝတစ်ခု လုံးအတွက် ဝင်လာမယ့် ရောဂါအကုန်လုံးကိုလည်း ကာကွယ်ပြီးသား လူတွေ ဖြစ်လာကြမှာပဲဖြစ်ပါ တယ်။      ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required