မြန်မာနိုင်ငံသားမွတ်စလင်များ၏ နိုင်ငံသားအခွင့်အရေး နှင့်ပတ်သက်၍ အလျော့မခံနိုင်ဟု ကိုမြအေးပြော

မြန်မာနိုင်ငံသားမွတ်စလင်များ၏ နိုင်ငံသားအခွင့်အရေး နှင့်ပတ်သက်၍ အလျော့မခံနိုင်ဟု ကိုမြအေးပြော

ရန်ကုန် မတ် ၄ ။            ။ မြန်မာနိုင်ငံသားမွတ်စလင်များ၏ နိုင်ငံသားအခွင့်အရေး နှင့်ပတ်သက်၍ အလျော့မခံနိုင်ဘဲ လျော့ပေးသည့်စနစ်၊ လျော့ပေးသည့်မည်သည့် အစိုးရမဆို လက်ခံမည်မဟုတ် ကြောင်း ၈၈ မျိုးဆက် ဦးမြအေးက ပြောကြားလိုက် သည်။

ယနေ့ မတ်လ ၄ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ Park Royal Hotel တွင် မြန်မာမွတ်စလင်အရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် လူမှုမဟာမိတ်အဖွဲ့ (Social Alliance) အဖွဲ့က ဦးဆောင်ပြုလုပ်သော နိုင်ငံ သားအခွင့်အရေး၊ နိုင်ငံသားတာဝန်နှင့် နိုင်ငံ့အကျိုး ပြုခြင်းအခန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲ၌ အမှာစကားပြော ကြားရာတွင် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

" ဒီနေရာမှာ တည့်တည့်ပြောချင်တာက ကျွန်တော်ကို ကျွန်တော်တို့ သိမ်ငယ်စရာ ဘာအကြောင်းမှမရှိဘူး၊ ဘာမှသိမ်ငယ်နေစရာလဲမလိုဘူး၊ ဘာအခွင့်အရေးကိုမှ လည်း မမျှော်ကိုးတဲ့လူ့အဖွဲ့အစည်းဖြစ်တဲ့အတွက် ကြောင့်မို့လို့ နိုင်ငံသားစိတ်ဓါတ်နဲ့တိုင်းပြည်ရဲ့အကျိုးကို ဆက် လက်သယ်ပိုးနိုင်ဖို့ ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါ တယ်၊ တစ်ဆက်တည်းမှာပဲ နိုင်ငံသားတွေဖြစ်တယ်ဆိုတဲ့ ဟာကို ကြည့်နေသောမျက်လုံးများကလည်း နိုင်ငံသား မဟုတ်တဲ့နိုင်ငံသားအခွင့်အရေးထက် လျော့ပြီးတော့မှ ဆက်ဆံတယ်ဆိုတဲ့ဆက်ဆံမှုတွေနဲ့ မဆက်ဆံကြဖို့ တိုက် တွန်းလိုပါတယ်၊ ကျွန်တော်တို့အဆက်ဆံမခံနိုင်ပါဘူး၊ အစဉ်အဆက်က စောစောက ညီမပြောသွားသလို မြန်မာ မွတ်စလင်များ၊ ရှင်းရှင်းလေးပါပဲ၊ မြန်မာနိုင်ငံအတွင်း မှာ မှီတင်းနေထိုင်သောလူမျိုးပေါင်းစုံ အစ္စလာမ်ဘာသာ ဝင်များအားလုံးကို ပြောခြင်းဖြစ်ပါတယ်၊ ဒါ မြန်မာမွတ် စလင်ပါ၊ အဲဒီတော့ ကျွန်တော်တို့ဟာ လူမျိုးတစ်မျိုးအနေနဲ့ ဖော်ထုတ်ဖို့လည်း ဆန္ဒမရှိသလို စိတ်လည်းမဝင်စားဘူး၊ သို့သော် ကျွန်တော်တို့ရဲ့ ပကတိရသင့်ရထိုက်တဲ့ အခွင့် အရေး၊ အခုအငြင်းပွားဖွယ်ရာဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေအတွင်းက ပေးထားတဲ့ နိုင်ငံသား တွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ကျွန်တော်တို့ လို ချင်ပါတယ်၊ အလျော့မခံနိုင်ပါဘူး၊ လျော့ပေးတဲ့ မည်သည့်စနစ်၊ မည်သည့်အစိုးရကို မဆို ကျွန်တော်တို့လက်ခံ မှာ မဟုတ်ပါဘူး" ဟု ၈၈ မျိုးဆက် ဦးမြအေးက ပြော ကြားခဲ့သည်။

ထို့ပြင် မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်လုံးတွင် လည်း အစ္စလာမ်ဘာသာဝင်များသည် ကျရာအခန်းကဏ္ဍ က ပါဝင်ခဲ့ပြီး၊ နိုင်ငံတော်စည်ပင်သာယာရေးအတွက် လည်း မိမိတို့တွင်လည်း တာဝန်ရှိကြောင်း ဦးမြအေးက ဆက်ပြောသည်။

"မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်လုံးမှာ မြန်မာနိုင်ငံ အတွင်းမှာ မှီတင်းနေထိုင်သော အစ္စလာမ်ဘာသာဝင် များဟာ ကျရာအခန်းကဏ္ဍကပါခဲ့တယ်ဆိုတာ အကြိမ် ကြိမ်ပြောပြီးဖြစ်တယ်၊ ထပ်ပြီးပြောစရာအကြောင်း မရှိ တော့ဘူးလို့ ထင်တယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ခဏခဏထပ်ပြောနေရင် ကြာတော့ ပြောတဲ့လူ ရှက် လာတယ်၊ လက်ခံလား မလက်ခံလားက တစ်ခြားသူ တွေကိစ္စ၊ ကျွန်တော်တို့ကိစ္စမဟုတ်ဘူး၊ သို့သော် ကျွန်တော်တို့ဟာ အိမ်တစ်အိမ်နဲ့တူသော ကျွန်တော်တို့ရဲ့ နိုင်ငံ ကို အလှဆင်ဖို့ရာ ဒီအိမ်မှာ မှီတင်းနေထိုင်တဲ့ နိုင်ငံ သားများဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ်" ဟု ဦးမြအေးက ဆက်ပြောသည်။

ယင်းဆွေးနွေးပွဲကို စာရေးဆရာ စည်သူအောင်မြင့်၊ တရားလွှတ်တော်ရှေ့နေ ဦးကျော်ငြိမ်းနှင့် အမျိုးသမီးရေး ရာကိစ္စရပ်များ ဆောင်ရွက်နေသူ ဒေါ်ခင်လေးတို့ က နိုင်ငံသားတို့၏ အခွင့်အရေးနှင့် နိုင်ငံသားများ၏ တာဝန် ဆိုင်ရာ ကိစ္စရပ်များကို ဦးဆောင်ဆွေးနွေးခဲ့သည်။

" ဒီတိုင်းပြည်က နိုင်ငံသားတွေ၊ ဘာသာပေါင်းစုံ၊ လူမျိုး ပေါင်းစုံ စုစည်းပြီးနေထိုင်တဲ့တိုင်းပြည်၊ ဒီတိုင်းပြည်ရဲ့ ပိုင်ရှင်က တိုင်းရင်းသားတွေအကုန်လုံးပိုင်တယ်၊ နိုင်ငံ သားတွေ အကုန်လုံးပိုင်တယ်၊ မတူတဲ့ဘာသာ ကိုးကွယ် သူတွေလည်း အကုန်လုံးပိုင်တဲ့တိုင်းပြည်ပဲ၊ ဒါအရမ်း ရိုးရှင်းတယ်၊ အဲဒီတော့ ဒါကို အစိုးရက လုပ်ပေးရမှာက တော့ သူ့ရဲ့တာဝန်ပဲ၊ ဘယ်နိုင်ငံမဆို၊ ဒါပေမယ့် အခု ဒီမှာ သိတဲ့အတိုင်းပဲ၊ လုပ်ပေးသလား မလုပ်ပေးဘူးလား၊ ရသလား မရသလားဆိုတာ သိမှာပဲ" ဟု စာရေးဆရာ စည်သူအောင်မြင့်က ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏ အမှတ်တရစာအုပ်များလည်း အခမဲ့ဖြန့်ဝေခဲ့ ကြ ပြီးဦးကိုနီ၏ မိသားစုဝင်များ၊ အခြားအရပ်ဘက်အဖွဲ့ အစည်းများနှင့် နိုင်ငံရေး စိတ်ပါဝင်စားကြသူများလည်း တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲကို စီစဉ်ကျင်းပခဲ့သည့် မြန်မာမွတ်စလင် အရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် လူမှုမဟာမိတ် အဖွဲ့ (Social Alliance) အဖွဲ့ကို ၂၀၁၄ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး၊ ဘာသာပေါင်းစုံငြိမ်းချမ်းရေး၊ ပြည်တွင်းစစ် ရပ်စဲရေးနှင့် အခြားနိုင်ငံရေး၊ လူမှုရေးကဏ္ဍများအား ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required