မန္တလေးမဟာသင်္ကြန်တွင် သံချပ် လာရောက်ယှဉ်ပြိုင်ပါက စည်ပင်မှ လိုအပ်သည်များ ကူညီမည်

မန္တလေးမဟာသင်္ကြန်တွင် သံချပ် လာရောက်ယှဉ်ပြိုင်ပါက စည်ပင်မှ လိုအပ်သည်များ ကူညီမည်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

 

မန္တလေး၊ မတ်လ ၃ ရက် ။            ။ မန္တလေးမဟာသြင်္ကန်တွင် သံချပ်များလာရောက်ယှဉ်ပြိုင်မည်ဆိုပါက စည်ပင်သာယာရေးကော်မတီမှ လိုအပ်သည်များကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဆုများလည်း ချီးမြှင့်သွားရန် စီစဉ် ဆောင်ရွက်သွားမည်ဟု ကော်မတီဝင် ဦးကျော်ရင်မြင့်ကပြောသည်။

"ကျွန်တော်တို့ကတော့ ကျွန်တော်တို့ဆီက မြို့တော်မဟာသြင်္ကန်မဏ္ဍပ်မှာ သံချပ်လာပြီး ပြိုင်ကြမယ် ဆိုရင် အဆင်ပြေပြေပြိုင်နိုင်အောင်အတွက် အချိန်နဲ့နေရာပေးပြီး ဆောင်ရွက်ပေးပါမယ်။ သံချပ်တွေ လည်း ထွန်းကားစေချင်ပါတယ်။ သံချပ်ပြိုင်လာကြတယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က ဆုချီးမြှင့်ဖို့ ပြင်ဆင်ထားပါတယ်။"ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ရင်မြင့်က ပြောသည်။

လတ်တလောတွင် ပြိုင်ပွဲဝင်မည့် သံချပ်အသင်းများကို မသိရှိရသေးသလို ဆုချီးမြှင့်မည့်ငွေကြေးနှင့် မည်သည့်တို့ကို ကူညီထောက်ပံ့ပေးမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

သံချပ်ထွက်ရန် ပြင်ဆင်နေသောအဖွဲ့တစ်ချို့ရှိနေသော်လည်း အမှန်တကယ် ထွက်နိုင်ခြင်းရှိ မရှိကို အတိအကျ မသိရသေးပေ။

"သံချပ်ပြိုင်ပွဲလုပ်မယ်။ပြိုင်ကြမယ်ဆိုရင်တော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြပြီးတော့မှ ခွင့်ပြုချက်တောင်းမယ်။ စာသားစီစစ်တာမျိုး လုပ်မယ်ဆိုရင်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကပဲ လုပ်မှာဖြစ်ပါတယ်။"ဟု ကော်မတီဝင် ဦးကျော်ရင်မြင့်က ပြောသည်။

ပြီးခဲ့သည့်နှစ်က မန္တလေးမဟာသြင်္ကန်တွင် အောင်စံမောင်၊တမာရိပ်၊သဗြွန်း စသည့်သံချပ်အဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required