ငြိမ်းစုစီဥပဒေပြင်ဆင်ချက်အား ဒေါ်ညိုညိုသင်း ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်မည်

ငြိမ်းစုစီဥပဒေပြင်ဆင်ချက်အား ဒေါ်ညိုညိုသင်း ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်မည်
ဓာတ်ပုံ - သက်ကို

ရန်ကုန် မတ် ၃ ။            ။ ငြိမ်း၊ စု၊ စီ ဥပဒေခေါ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းအားကန့်ကွက်သည့် ဆန္ဒဖော်ထုတ်ပွဲကို လာမည့် မတ်လ ၅ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပူးပေါင်းပြီး၊ အဆိုပါကန့်ကွက်ဆန္ဒဖော်ထုတ် ပွဲကို ပြုလုပ်သွားမည်ဖြစ်သည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူ ဒေါက်တာညိုညိုသင်းက မဇ္ဈိမသို့ ပြောသည်။

" အဓိကကတော့ လယ်သမားအဖွဲ့အစည်းတွေ၊ အလုပ် သမားအဖွဲ့အစည်းတွေ၊ မသန်စွမ်းအဖွဲ့အစည်းတွေ၊ အရပ် ဘက်အဖွဲ့အစည်းတွေ ပါမှာပါ၊ အစကတော့ ၁၀ တန်း စာမေးပွဲပြီးမှလုပ်ဖို့ပဲ၊ ဒါပေမယ့် တစ်ဖက်မှာလည်း အမျိုး သားလွှတ်တော်ကလည်း ဒါကို စပြီးတော့ ဆွေးနွေး တော့မှာလေ၊ ဒီအရပ်ဘက်အဖွဲ့အစည်းတွေ အလွှာပေါင်း စုံက အသံတွေကိုလည်း ကြားစေချင်တယ်" ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။

အဆိုပါဆန္ဒဖော်ထုတ်မည့်နေရာများသည် တိုင်းဒေသ ကြီးအစိုးရက ဆန္ဒဖော်ထုတ်ခွင့် ပိတ်ပင်ထားသည့် ၁၁ မြို့နယ်လည်း ပါဝင်မည်ဖြစ်ပြီး၊ မတ်လ ၅ ရက်နေ့တွင် သခင်မြပန်းခြံမှ စတင်၍ အလုံ၊ လမ်းမတော် ၊လသာ၊ ကျောက်တံတား၊ ပန်းပဲတန်းမြို့နယ်တို့ကို ဖြတ်သန်း၍ မြို့တော်ခန်းမ ရှေ့ အထိ ချီတက်မည်ဖြစ်ကြောင်း သိရသည်။

"ဥပဒေထဲမှာသတ်မှတ်ထားတာမှ မရှိပဲ၊ ဒေသန္တရအမိန့်ရှိ တယ်ဆိုရင်လည်း ကျွန်မတို့ကို ခေါ်ပြောရမှာပဲလေ၊ အမိန့် ဆိုတာ စာနဲ့ထုတ်ရတာလေ၊ စာနဲ့ထုတ်ထားတာမျိုး ရှိ ရမှာပေါ့၊ သူတို့ကလည်း ခွင့်ပြုမှာပါ၊ ဥပဒေအတိုင်း အသိပေးထားတာ၊ တင်ထားတာဆိုတော့ ခွင့်ပြုမှာပါ" ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။

အငြင်းပွားဖွယ်ဖြစ်နေသည့် အဆိုပါဥပဒေမူကြမ်းကို ပြီး ခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က အမျိုးသားလွှတ်တော် အစည်းဝေးတွင် ဥပဒေကြမ်းကော်တီက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဆိုသော အရပ်သားအစိုးရသည် ယင်းဖွဲ့စည်းပုံတွင် ပါသည့် ယေဘုယျဆန်သော စကားလုံးများကို ယခုဥပဒေထဲ ထည့် သွင်း၍ ဖိနှိပ်သလို ဖြစ်နေသည်ဟုလည်း ဒေါက်တာ ညိုညိုသင်းက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ Orchid ဟိုတယ်တွင် သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

" အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်တိုင်က အစိုးရကိုယ် တိုင်က ပြောတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်လို့ကို ပြောထားတာ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ဒီမိုကရေစီစံနှုန်းနဲ့မညီဘူးလို့ကို ပြောထားတာ၊ ဒါကြောင့်မို့လို့ ၂၀၀၈ ထဲမှာပါတဲ့ မရေရာမသေချာတဲ့ ယေဘုယျဆန်တဲ့စကားလုံးတွေကို အခုဥပဒေကြီးထဲမှာ လာထည့် အသက်သွင်းပြီးတော့ လူတွေကို ဖိနှိပ်သလို ဖြစ်နေတယ်" ဟု ဒေါက်တာညိုညိုသင်းက ပြောကြား ခဲ့ သည်။

ယခင်က စုဝေးခြင်း သို့မဟုတ် စီတန်းလှည့် လည်လိုသူများသည် ပြုလုပ်မည့်အစီအစဉ်၊ ခန့်မှန်း လူဦးရေကိုသာ သက်ဆိုင်ရာသို့ တင်ပြရမည် ဖြစ်သော်လည်း အခုအခါတွင် ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုပါ တင်ပြရမည်ဟု ဥပဒေမူကြမ်းတွင် ပြင်ဆင်ထားသည်။

ထို့ပြင် ဥပဒေ အခန်း ၇ ပြစ်မှု၊ ပြစ်ဒဏ်တွင် လည်း ပုဒ်မ ၁၈ အဖြစ် မည်သူမဆို နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် ပြည်သူများ၏ ကိုယ့်ကျင့်တရား အကျိုးတို့ကို ပျက်ပြားစေရန်အကြံဖြင့် ဖြစ်စေ၊ ထိုသို့ ပျက်ပြားတန်ရာသော အခြေအနေ ဖြစ်နိုင်ကြောင်း သိလျက်နဲ့ ဖြစ်စေ၊ ငွေ သို့မဟုတ် ပစ္စည်းကိုသော် လည်းကောင်း၊ အခြားနည်းလမ်း တစ်ခုခုကိုသော်လည်းကောင်းသုံးစွဲပြီး သူတစ်ဦးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းကို ပြုကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ချ မှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ထပ်မံဖြည့်စွက်ထားသည်။

ပုဒ်မ ၁၈ မှ လွဲပြီး ဥပဒေပါ ပြစ်မှုတစ်ခုခုကို ဖောက်ဖျက် ကျုးလွန်းလျှင် ပြစ်မှုကျုးလွန်သည့် နေ့မှစပြီး ၁၅ ရက်အတွင်း သက်ဆိုင်ရာ တရားရုံးသို့ တရားစွဲဆိုတင်ပို့ရမည်ဟုလည်း အစားထိုးထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required