ကမ္ဘာ့ဖလားပြိုင်ပွဲကို နေမာလွဲမှာလား

ကမ္ဘာ့ဖလားပြိုင်ပွဲကို နေမာလွဲမှာလား
 

 

ခြေဖဝါးရိုးကျိုးဒဏ်ရာကို ခွဲစိတ်ကုသတော့မယ့် ဘရာဇီးကြယ်ပွင့်နေမာတစ်ယောက် ဇွန်လမှာကျင်းပမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ပါ့မလားဆိုပြီး ဘရာဇီးပရိသတ်တွေကစိုးရိမ်နေကြပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံးကစားသမားနေမာဟာ ပီအက်စ်ဂျီအတွက်ကစားပေးရင်းနဲ့ မာဆေးနဲ့ပွဲမှာ ခြေဖဝါးရိုးကျိုးဒဏ်ရာရရှိသွား ခဲ့တာပါ။

သူဟာ ရီးယဲလ်မက်ဒရစ်နဲ့ကစားရမယ့် ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲအပြင် ပီအက်စ်ဂျီအသင်းရဲ့ လက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ နေမာဟာ ခြေဖဝါးဒဏ်ရာကို ခွဲစိတ်ကုသဖို့အတွင် မွေးရပ်မြေဘရာဇီးနိုင်ငံကိုပြန်လည်ရောက်ရှိ နေပါတယ်။

နေမာအနေနဲ့ ခွဲစိတ်ကုသမှုခံယူပြီးရင် အနည်းဆုံး သုံးလလောက်အနားယူရမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲက ဇွန်လအတွင်း ကျင်းပမှာဖြစ်လို့ ဒဏ်ရာကပြန်လည်သက်သာလာရင်တောင် ပွဲကစားဖို့ကြံ့ခိုင်မှုရှိပါ့မလားဆိုပြီး ပရိသတ်တွေက စိုးရိမ်နေကြ ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required