ခြေစွမ်းမပြနိုင်သည့် ကစားသမားများလည်း မိမိကဲ့သို့ အနာဂါတ်မရေရာဟု အာစင်ဝင်းဂါးသတိပေး

ခြေစွမ်းမပြနိုင်သည့် ကစားသမားများလည်း မိမိကဲ့သို့ အနာဂါတ်မရေရာဟု အာစင်ဝင်းဂါးသတိပေး

 

မတ် ၃၊ လန်ဒန်။                       ။ အသင်းတွင် လူတိုင်းအနာဂါတ်ရေရာမှုမရှိကြောင်း အာဆင်နယ်ကစားသမားများကို နည်းပြအာစင်ဝင်းဂါးက သတိပေးပြောဆို လိုက်သည်။

မန်စီးတီးကိုရှုံးပြီးနောက် အာစင်ဝင်းဂါးသည် အဝတ်လဲခန်းအတွင်း ၄၅ မိနစ်ကြာအစည်းအဝေးခေါ်ခဲ့ပြီး စုစည်းညီညွတ်မှုကို ပြကြရန်လည်းပြောဆိုခဲ့သည်။

အနာဂါတ်မရေရာသည်မှာ ၎င်းတစ်ဦးတည်းမဟုတ်သဖြင့် ကစားသမားများကိုလည်း အသင်းနှင့်ထိုက်တန်သည့် ခြေစွမ်းမျိုးပြသ ကြရန် တိုက်တွန်းခဲ့သည်။

အသက် ၆၈ နှစ်ရှိ ပြင်သစ်လူမျိုးနည်းပြရာထူးမှာ ရာသီကုန်တွင်ပြန်လည်သုံးသပ်ခံရမည်ဖြစ်ပြီး ယင်းအပေါ်စိတ်လှုပ်ရှားခြင်း မရှိသော်လည်း ကစားသမားများကိုမူ စွမ်းဆောင်ရည်တိုးတက်အောင်လုပ်ကြရန် တိုက်တွန်းခဲ့သည်။

လာမည့်ရာသီတွင် ချန်ပီယံလိဂ်ပြန်လည်ဝင်ခွင့်ရရန်စွမ်းဆောင်ပေးရမည်ဖြစ်သော်လည်း လက်ရှိအနေအထားအရ ထိပ်သီး လေးသင်းဝင်ရေးအတွက် ယူရိုပါလိဂ်ဖလားရယူနိုင်ရေးကသာ အဓိကမျှော်လင့်ချက်ဖြစ်လာဖွယ်ရှိနေသည်။

ဝင်းဂါးက “ကျွန်တော်က တိုက်ပွဲဝင်ဖို့အမြဲတမ်းအသင့်ပါပဲ။ ဒီလိုအတွေ့အကြုံတွေကိုအရင်ကလည်းကြုံဖူးပြီး ဘာတွေဖြစ်လာ နိုင်လဲဆိုတာကိုလည်း သိပါတယ်”ဟု ပြောသည်။

နုတ်ထွက်မည်မဟုတ်ဟု ဝင်းဂါးကဆိုထားသော်လည်း အာဆင်နယ်အသင်းသည် အနာဂါတ်အတွက်ကြိုတင်စီစဉ်သည့် အနေဖြင့် မန်စီးတီးနည်းပြအဖွဲ့ဝင် အာတီတာ၊ မိုနာကိုနည်းပြ ဟာဒင်၊ ဆဲလ်တစ်နည်းပြ ဘရန်ဒန်ရော်ဂျာတို့ကို လျာထားနေသည်။

 Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required