‘အန်တိုနီယို ကွန်တီဟာ နည်းဗျူဟာ ဆရာတစ်ဆူဖြစ်တယ်’ ~ ဂွာဒီယိုလာ

‘အန်တိုနီယို ကွန်တီဟာ နည်းဗျူဟာ ဆရာတစ်ဆူဖြစ်တယ်’ ~ ဂွာဒီယိုလာ
(ဓာတ်ပုံ - အီးပီအေ)

ချယ်လ်ဆီးနည်းပြ အန်တိုနီယို ကွန်တီဟာ နည်းဗျူဟာ ဆရာတစ်ဆူဖြစ်ပြီး အင်္ဂလိပ်ဘောလုံးဘောကမှာ သူ့ရဲ့ပုံစံအမှတ်အသားကို ချန်ရစ်ထားလိမ့်မယ်လို့ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက ပြောပါတယ်။

အဆိုပါအီတလီနည်းပြဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်တဲ့ ပထမဆုံးရာသီမှာ ၅-၃-၂ ကစားကွက်ဖြင့် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးရယူခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာတော့ ဇယားဦးဆောင်သူ မန်စီးတီးနဲ့ ၂၂ မှတ်ပြတ် ကွာဟနေပြီး ဒီနှစ်သင်းဟာ တနင်္ဂနွေနေ့မှာ အီတီဟတ်ကွင်းမှာ တွေ့ဆုံမှာဖြစ်ပါတယ်။

“ကွန်တီဟာ အင်္ဂလိဂ်ဘောလုံးလောကဖို့ တစ်စုံတစ်ခုကို ထားရစ်သွားနေတယ်လို့ ကျနော် ထင်ပါတယ်။ ဒါကို ကျနော် သေချာပြောရဲပါတယ်။”လို့ ဂွာဒီယိုလာက ပြောပါတယ်။

ချယ်လ်ဆီးအသင်းဟာ ၂၀၁၆ စက်တင်ဘာလက ပြိုင်ဘက် အာဆင်နယ်အသင်းကို ၃-၀ ဂိုးပြတ် ရှုံးနိမ့်အပြီးမှာ ဂျူဗီတပ်စ်နဲ့ အီတလီလက်ရွေးစင်းနည်းပြဟောင်းဟာ နောက်တန်း သုံးယောက်တန်းနဲ့ တောင်ပံနှစ်ဦး ကစားပုံ ၄-၅-၁ ပုံစံ နည်းစနစ်ကို ပြောင်းလဲခဲ့ပါတယ်။

အဲဒီအပြောင်းအလဲက ချယ်လ်ဆီးအသင်းကို ကလပ်စံချိန်တင်ဖြစ်တဲ့ ၁၃ ပွဲဆက် နိုင်ပွဲရယူစေခဲ့ပြီး  အသင်းကို ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေခဲ့ပါတယ်။

အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ချယ်လ်ဆီးအသင်းအတွက် ဒီရာသီဟာ ခက်ခဲတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေပြီး စတန်းဖို့ဒ်ဘရစ်ချ်မှာ ကွန်တီရဲ့ အနာဂတ် မရေရာမှုဟာလည်း စဉ်ဆက်မပြတ် ထွက်ပေါ်လာခဲ့ပါတယ်။

ဂွာဒီယိုလာက “ပရီးမီးယားလိဂ်မှာ ကွန်တီ ဘာတွေပြီးမြောက်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး လူတွေက နားလည် သဘောမပေါက်ကြဘူး။ သူက နောက်တန်း ၅ ယောက်တန်းနဲ့ တိုက်တဲ့ တခြားနည်းလမ်းတစ်ခုကို မိတ်ဆက်ပေးခဲ့တယ်။ ဒီပုံစံကို အာဆင်နယ်အသင်းအပြင် အသင်းအများပြားက အများကြီးတုပဖို့ လုပ်ခဲ့ပါသေးတယ်။”

“နည်းစနစ်ပိုင်းအရ သူဟာ မာစတာတစ်ယောက်ပါ။ သူဟာ အီတလီနိုင်ငံလက်ရွေးစင်းအသင်းနဲ့အတူ အံ့သြလောက်အောင် လုပ်ဆောင်ခဲ့ပါတယ်။”လို့ ဂွာဒီယိုလာက ပြောပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required