အမ်ဘက်ပေး၏ ဒဏ်ရာပြင်းထန်မည်ကို ပီအက်စ်ဂျီအသင်းစိုးရိမ်

အမ်ဘက်ပေး၏ ဒဏ်ရာပြင်းထန်မည်ကို ပီအက်စ်ဂျီအသင်းစိုးရိမ်

မတ် ၁၊ ပဲရစ်။ ။             ။ မာဆေးအသင်းကိုအနိုင်ရရှိသည့် ပြင်သစ်ဖလားကွာတားဖိုင်နယ်တွင် ခြေကျင်းဝတ်ဒဏ်ရာရသွားခဲ့သည့် အမ်ဘက်ပေး၏ ဒဏ်ရာပြင်းထန်မည်ကို ပီအက်စ်ဂျီနည်းပြ အမ်မရီကစိုးရိမ်နေသည်။

ချန်ပီယံလိဂ်တွင် ရီးယဲလ်မက်ဒရစ်အသင်းကို ၃-၁ ဂိုးဖြင့်ရှုံးထားရခြင်းကိုပြန်လည်ချေပမည့် ပီအက်စ်ဂျီအသင်း၏ မျှော်လင့်ချက်မှာ နေမာဒဏ်ရာရသွားပြီးကတည်းက ထိခိုက်နေရသည်။

အမ်ဘက်ပေးလည်း ဒဏ်ရာရသွားခဲ့ပြန်ရာ မတ် ၆ တွင် ကစားမည့် ရီးယဲလ်နှင့်ပွဲအမီပြန်ကောင်းလာရန် နည်းပြအမ်မရီက မျှော်လင့်နေခြင်းဖြစ်သည်။ အမ်ဘက်ပေးသည် မာဆေးကို ၃-၀ ဂိုးဖြင့်နိုင်သည့်ပွဲတွင် ပထမပိုင်းအပြီး၌ လူစားလဲခံခဲ့ရသည်။

“သူ့ခြေကျင်းဝတ်က ရောင်နေပါတယ်။ ဒုတိယပိုင်းမှာ မကစားပါရစေနဲ့လို့တောင်းဆိုခဲ့လို့ လူစားလဲခဲ့တာပါ။ ဒဏ်ရာမပြင်းဖို့ မျှော်လင့်ပါတယ်”ဟု အမ်မရီကပြောသည်။

နေမာနေရာကိုအစားထိုးနိုင်ကြောင်း ဒီမာရီယာကခြေစွမ်းဖြင့်သက်သေပြသနေပြီး မာဆေးနှင့်ပွဲတွင် နှစ်ဂိုးသွင်းနိုင်ခဲ့ကာ ကာဗာနီကလည်း တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required