သုံးနှစ်ကြာပြီးနောက် ပထမဦးဆုံးအကြိမ် ဒရာမာဇာတ်လမ်း၌ သရုပ်ဆောင်တော့မည့် ဟွမ်ဘင်း

သုံးနှစ်ကြာပြီးနောက် ပထမဦးဆုံးအကြိမ် ဒရာမာဇာတ်လမ်း၌ သရုပ်ဆောင်တော့မည့် ဟွမ်ဘင်း

နာမည်ကျော်တောင်ကိုရီးယားမင်းသား ဟွမ်ဘင်းသည် သုံးနှစ်ကြာပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် ဒရာမာဇာတ်လမ်းတွဲ၌ ပြန်လည်သရုပ်ဆောင်ရန် ဆွေးနွေးနေပြီဖြစ်သည်။

ဟွမ်ဘင်း၏အေဂျင်စီက “လက်ရှိအချိန်မှာ ဟွမ်ဘင်းဟာ tvN က ထုတ်လွှင့်မယ့် ‘Memories of the Alhambra' ဆိုတဲ့ ဒရာမာဇာတ်လမ်းတွဲမှာ ခေါင်းဆောင်ဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်ဖို့ စဉ်းစားနေပါ တယ်။ ဟွမ်ဘင်းဟာ ဒီဇာတ်ကိုလက်ခံဖို့ ဆုံးဖြတ်လိုက်ပြီးတာနဲ့ SBS က ထုတ်လွှင့်တဲ့ Hyde Jekyll, Me ဆိုတဲ့ဇာတ်ကားပြီးနောက် ဒါဟာ သူ့အတွက် ပထမဦးဆုံးအကြိမ် ပြန်လည်သရုပ်ဆောင်တဲ့ ဒရာမာဇာတ်လမ်း တွဲဖြစ်လာမှာပါ” ဟု ဆိုခဲ့သည်။

“Memories of the Alhambra” ဆိုသော ဒရာမာဇာတ်လမ်းတွဲသည် စပိန်နိုင်ငံ ဂရန်နာဒါမြို့သို့ စီးပွားရေး ခရီးစဉ်နှင့် လာရောက်လည်ပတ်သည့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ စီအီးအိုတစ်ဦးနှင့် ဟိုတယ်တစ်လုံးကိုဦးစီးနေ သော ဂစ်တာသမားလေးတစ်ဦးတို့၏ တစ်မူထူးခြားသော ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုဇာတ်လမ်းကို Queen In Hyun’s Man ၊ Nine: 9 Times Time Travel နှင့် W ဇာတ်လမ်းတွဲတို့ကို ရေးသားခဲ့သော ဆောင်းဂျေးကွမ်းက ရေးသားထားပြီး အန်ဂျီလ်ဟိုက ဒါရိုက်တာအဖြစ်ရိုက်ကူးမည်ဖြစ်သည်။

“Memories of the Alhambra” ကို ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းလောက်တွင် ထုတ်လွှင့်ပြသသွားရန် စီစဉ်ထား ကြောင်း သိရသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required