အသင်းက မာစီရယ်နှင့်ရိုဟိုကိုစာချုပ်သက်တမ်းတိုးရန်ကြာနေ၍ မော်ရင်ဟိုဒေါသထွက်

အသင်းက မာစီရယ်နှင့်ရိုဟိုကိုစာချုပ်သက်တမ်းတိုးရန်ကြာနေ၍ မော်ရင်ဟိုဒေါသထွက်

 

ဖေဖော်ဝါရီ ၂၈၊ မန်ချက်စတာ။         ။ မန်ချက်စတာယူနိုက်တက်အသင်းက မာစီရယ်နှင့် ရိုဟိုကို စာချုပ်သက်တမ်းတိုးရန်ပြောဆိုဆွေးနွေးမှု ကြန့်ကြာနေ၍ မော်ရင်ဟိုက ဒေါသထွက်နေသည်။

မန်ယူနိုက်တက်သည် မာစီရယ်၊ ရိုဟိုတို့၏အေးဂျင့်များနှင့် ဒီဇင်ဘာကတည်းကဆွေးနွေးခဲ့သော်လည်း ယင်းကစားသမား နှစ်ဦးသည် နှစ်လကျော်ကြာလာသည့်တိုင် အသင်းဘက်က ကမ်းလှမ်းလာသည့် စာချုပ်သစ်ကိုစောင့်နေရဆဲဖြစ်သည်။

၎င်းတို့မှာ လာမည့်နှစ်ဘောလုံးရာသီကုန်တွင် စာချုပ်ကုန်မည်ဖြစ်ပြီး မာရှယ်ကို အသင်းဘက်ကစာချုပ်သက်တမ်းတစ်နှစ်တိုးခွင့် ရှိနေသော်လည်း ကြန့်ကြာနေမှုအပေါ် မော်ရင်ဟိုက စိုးရိမ်နေသည်။

စာချုပ်သစ်ချုပ်ခြင်းမရှိဘဲ လက်ရှိစာချုပ်များကိုသာ ၂၀၁၉ ထိတစ်နှစ်သက်တမ်းတိုးထားသည့် မာတာ၊ ဟာရဲရား၊ လုခ်ရှော၊ အက်ရှ်လေယန်းနှင့် ဘလင်းတို့၏ အနာဂါတ်မှာလည်း မရေမရာဖြစ်နေသည်။

ဖယ်လိုင်နီကို စာချုပ်သစ်မချုပ်နိုင်ခြင်းမှာလည်း စာချုပ်သစ်ကမ်းလှမ်းမှုကိုကစားသမားကပယ်ချခဲ့၍ဟု နားလည်ရပြီး လာမည့်နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာတော့မည်ဖြစ်သည်။

မာစီရယ်နှင့် ရိုဟိုတို့သည် လက်ရှိတွင် တစ်ပတ်ပေါင် ၇၀, ၀၀၀ ဝန်းကျင်ရနေကြသည်ဟုယူဆရပြီး လစာတိုးတောင်းဆိုထား ကြဖွယ်ရှိသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required