Limited Edition အဖြစ် ရောင်းချပေးမည့် OPPO F5 (Dashing Blue) ကို မတ်လ၁ရက်တွင် စတင်ဝယ်ယူနိုင်ပြီ

Limited Edition အဖြစ် ရောင်းချပေးမည့် OPPO F5 (Dashing Blue) ကို မတ်လ၁ရက်တွင် စတင်ဝယ်ယူနိုင်ပြီ

 

မိုဘိုင်းဖုန်းဝယ်ယူရာတွင် ပုံမှန်သမားရိုးကျအရောင်များအပြင် ထူးထူးခြားခြား ဆွဲဆောင်မှုရှိသည့် အရောင်များကိုပါ သုံးစွဲသူများက ပိုမိုရွေးချယ်လာကြောင်း   ဈေးကွက်အခြေအနေများအရ တွေ့ရှိနေရသည်။ OPPO အနေဖြင့်လည်း ယခု ၂၀၁၈ နှစ်ဦးပိုင်းတွင် မိတ်ဆက်ပေးထားသည့် OPPO F5 စမတ်ဖုန်းသစ် ထုတ်ကုန်များအတွက် ယောကျ်ားလေး၊ မိန်းကလေး ပုံမှန်ရွေးချယ်ဝယ်ယူနေကြသည့် ရွေရောင်နှင့် အနက်ရောင်များအပြင် ထူးထူးခြားခြား ဆွဲဆောင်မှုရှိစေမည့် အနီရောင်ကိုပါ မိတ်ဆက်ပေးထားခဲ့သည်။

ယခုအခါတွင် လူကြိုက်များဝယ်ယူနေကြသည့် OPPO F5 စမတ်ဖုန်းအတွက် နောက်ထပ်ထူးခြားပြီး မြန်မာပြည် ဈေးကွက်တွင်လည်း ပထမဆုံးအကြိမ်အဖြစ် တင်သွင်းပေးမည့် Dashing Blue အပြာရောင်ကို ယခုမတ်လ(၁)ရက်နေ့မှ စတင်ကာသက်ဆိုင်ရာ OPPO Showroom နှင့် OPPO ဖုန်းအရောင်းကောင်တာ များတွင် စတင်ဝယ်ယူနိုင်ပြီဖြစ်သည်။

OPPO F5 (Dashing Blue) ကိုဈေးနှုန်း (၃၈၉,ဝဝဝ) ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီးLimited Edition ဖြစ်သည့်အတွက် အလုံးရေးကန့်သတ်ချက်ဖြင့်သာ ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ ထို့အတွက်ကြောင့် ထူးခြားပြီး မြန်မာနိုင်ငံသို့ ပထမဆုံးတင်သွင်းသည့် OPPO F5 (Dashing Blue) ကို အွန်လိုင်းမှတစ်ဆင့် စုံစမ်းမေးမြန်းနေကြသော သုံးစွဲသူများအနေဖြင့် အမြန်ဆုံးဝယ်ယူထားမှ စိတ်ချရမည်ဖြစ်သည်။ အရင်ဆုံးဝယ်ယူသူများအတွက် အထူးအခွင့်အရေးအဖြစ် OPPO အမှတ်တံဆိပ်ပါ ကျောပိုးအိတ်တစ်လုံးကိုလက်ဆောင်အဖြစ် ပေးအပ်သွားမည်ဖြစ်ပြီး အရေအတွက် ကန့်သတ်ထားသည့်အတွက် အဦးဆုံး ဝယ်ယူသူများသာ ပိုမိုသေချာစေမည်ဖြစ်သည်။ ထို့အပြင် တစ်လလျှင် ဖုန်းဘေလ် ၅,ဝဝဝ ကျပ်ထည့်သွင်းရုံဖြင့် Telenor ၏ 2GB Internet Package ကို ၆ လဆက်တိုက် စုစုပေါင်း 12GB အထိ ရရှိဦးမည်ဖြစ်သည်။

OPPOF5 (Dashing Blue) တွင် OPPO F5 Series တွင်ပါဝင်ထားသည့် hardware နှင့် software နည်းပညာများဆက် လက်ပါဝင်မည်ဖြစ်သည်။ ဖုန်းမျက်နှာပြင်မှာ ၆လက်မအရွယ်အစားရှိ မျက်နှာပြင်အပြည့် FullHD+ Full Screen display ကိုအသုံးပြုပေးထားပြီးA.I. Beauty Technology နည်းပညာပါဝင်သည့် 20MP Selfie ကင်မရာနှင့် 16MP နောက်ကင်မရာတို့ကို ထည့်သွင်းပေးထားသည်။ Face Unlockစနစ်နှင့်အတူ Fingerprint စနစ်ကိုလည်း မိမိလိုအပ်သလို အသုံးပြုနိုင်စေမည်ဖြစ်သည်။ Octa-core 2.5GHz CPU နှင့် RAM 4GB တို့ကမြန်ဆန်သွက်လက်သည့် ထိတွေ့သုံးစွဲမျိုးကို ရယူပေးမည်ဖြစ်သလို Android OS 7.1 (Nougat) နှင့် OPPO 0.ကိုယ်ပိုင် ColorOS 3.2 version တို့ကလည်း ဖုန်း၏စွမ်းဆောင်မှုနှင့် battery ပိုင်းသုံးစွဲမှုတို့ကို ပိုမိုကောင်းမွန်အောင် ပံ့ပိုးပေးဦးမည်ဖြစ်သည်။ SIM ကဒ်၂ကဒ်နှင့် SD ကဒ်တို့တစ်ပြိုင်တည်း အသုံးပြုနိုင်သည့် triple slot အမျိုးအစားဖြစ်ပြီး Internal storage အတွက် 32GB ပါဝင်ကာ 256GB အထိ ထပ်တိုးအသုံးပြုနိုင်သည်။ 3200mAh battery က ပုံမှန်သုံးစွဲမျိုးအတွက် ၁၂နာရီအထိ အသုံးခံစေမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly