အရေးယူပိတ်ဆို့ဒဏ်ခတ်မှုများ ဘယ်တော့မှအလုပ်ဖြစ်မည်မဟုတ်ဟု မြောက်ကိုရီးယားပြောဆို

အရေးယူပိတ်ဆို့ဒဏ်ခတ်မှုများ ဘယ်တော့မှအလုပ်ဖြစ်မည်မဟုတ်ဟု မြောက်ကိုရီးယားပြောဆို

 

ဂျနီဗာ၊ ဆွစ်ဇာလန်၊ ဖေဖေါ်ဝါရီ ၂၈ ။                       ။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ အင်္ဂါနေ့ကပြုလုပ်ခဲ့သော ကုလသမဂ္ဂ၏ လက်နက်ဖျက်သိမ်းရေးဖိုရမ်၌ မြောက်ကို ရီးယားတို့က   နျူကလီးယားစမ်းသပ်လုပ်ဆောင်မှုများကြောင့် ၎င်းတို့အပေါ်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှု များသည် ဘယ်တော့မှအလုပ်ဖြစ်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

“အရေးယူပိတ်ဆို့မှုတွေနဲ့ ဖိအားပေးမှုတွေဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် ဘယ်တော့မှ ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူးဆိုတာ အမေရိကန်တို့အနေနဲ့ နားလည်ထားသင့်ပါတယ်” ဟု ပြုံယမ်းအစိုးရသံတမန် ဟန်တေးဆောင်းက ကုလသမဂ္ဂ၏ လက်နက်ဖျက်သိမ်းရေးဖိုရမ်၌ ပြောကြားခဲ့သည်။

အမေရိကန်သမ္မတထရမ့်က မြောက်ကိုရီးယားနိုင်ငံအပေါ် အကြီးလေးဆုံးသော အရေးယူပိတ်ဆို့မှုများ ချမှတ် သွားမည်ဟု ပြောဆိုခဲ့အပြီး ရက်ပိုင်းအကြာတွင် ပြုံယမ်းဘက်မှ ယခုလိုမှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသံအမတ်များနှင့် အမေရိကန်သံတမန်များသည် ဂျနီဗာမြို့ရှိ လက်နက်ဖျက်သိမ်းရေးဖိုရမ်၌ ထပ်ခါတလဲလဲ စကားနိုင်လုပြောဆိုခဲ့ကြသည်။

“ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်လာအောင် ကျနော်တို့လုပ်ဆောင်နေတာကို အမေရိကန်က လစ်လျူရှုထားပြီး ရန်စမှု၊ ထိပ်တိုက်တွေ့ဆုံမှုတို့ကိုသာ လိုချင်တယ်ဆိုရင်တော့ မြောက်ကိုရီးယားတို့ကလည်း သေချာပေါက် ပြန်လည်တုံ့ပြန်သွားမှာပါ” ဟု ဟန်က ပြောဆိုခဲ့သည်။

တောင်ကိုရီးယား၌ကျင်းပသော ပြုံချမ်းအိုလံပစ်အားကစားပြိုင်ပွဲကြောင့် ဆိုးလ်နှင့် ပြုံယမ်းအစိုးရကြား တင်းမာ မှုများ သိသိသာသာပြေလျော့သွားခဲ့သော်လည်း ထရမ့်က သူ့အနေဖြင့်မြောက်ပိုင်းအစိုးရအပေါ် ဆက်လက် ဖိအားပေးသွားဦးမည်ဟု ပြောဆိုထားခဲ့သည်။

ဒါ့အပြင်သူက “တကယ်လို့ ထပ်တိုးချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ အလုပ်မဖြစ်ခဲ့ရင် ကျနော်တို့ အဆင့် ၂ ကို ထပ်သွားပါမယ်။ အဆင့် ၂ ဟာ ပိုမိုတင်းကြပ်တဲ့ စီမံချက်ဖြစ်လာမှာပါ” ဟု သတိပေးထားခဲ့သည်။

အင်္ဂါနေ့ကပြုလုပ်ခဲ့သော လက်နက်ဖျက်သိမ်းရေးဖိုရမ်၌ ဝါရှင်တန်သံအမတ် ရောဘတ်ဝုဒ်က အမေရိကန် ပြည်ထောင်စုအနေဖြင့် မြောက်ကိုရီးယားနိုင်ငံကို နျူကလီးယားပိုင်ဆိုင်သော နိုင်ငံတစ်ခုအဖြစ် ဘယ်တော့မှ လက်ခံသွားမှာ မဟုတ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

“ဒီလိုမျိုး ဖြစ်လာမှာမဟုတ်ပါဘူး” ဟု ရောဘတ်ဝုဒ်က ဟန်၏ ခြိမ်းခြောက်ပြောဆိုမှုကို ပြန်လည်တုံ့ပြန်သည့် အနေဖြင့် ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required