ဘောလိ၀ုဒ်မင်းသမီးကြီးဆရီဒေဝီ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အစီရင်ခံစာဖော်ပြ

ဘောလိ၀ုဒ်မင်းသမီးကြီးဆရီဒေဝီ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အစီရင်ခံစာဖော်ပြ

ဘောလိဝုဒ်ရုပ်ရှင်လောကမှ နာမည်ကျော်မင်းသမီးကြီး ဆရီဒေဝီကပူးသည် သူမတည်းခိုရာဟော်တယ်အခန်း ထဲ၌ မတော်တဆရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒူဘိုင်းရဲတပ်ဖွဲ့၏   သေမှုသေခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့မှ အစီရင်ခံစာထဲ၌ ဖော်ပြထားသည်။

ဆရီဒေဝီဟု လူသိများသည့် အသက် ၅၄နှစ်အရွယ်မင်းသမီးကြီးသည် သူမတည်းခိုရာဟော်တယ်အခန်းထဲရှိ ရေချိုးကန်ထဲသို့ သတိလစ်လဲကျသွားပြီးနောက် ရေနစ်ခဲ့ခြင်းဖြစ်သည်ဟု အစီရင်ခံစာထဲ၌ ဖော်ပြထားသည်။

သူမသည် မိသားစုဝင်တစ်ဦး၏မင်္ဂလာဆောင်သို့ တက်ရောက်ရန်ဒူဘိုင်းသို့ လာရောက်ခဲ့စဉ်တွင် နှလုံး အမောဖောက်ဝေဒနာကြောင့် စနေနေ့က ရုတ်တရက်ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာများထဲ၌ ကနဦးကဖော်ပြထားသည်။

သူမကွယ်လွန်မှုနှင့်ပက်သက်၍ ဘောလိဝုဒ်ရုပ်ရှင်လောကသားများ၊ သရုပ်ဆောင်ကြယ်ပွင့်များ၊ နိုင်ငံရေး သမားများနှင့် ပြည်သူများက အထူးဝမ်းနည်းကြေကွဲခဲ့ကြသည်။

ယခုအခါတွင် အိန္ဒိယပြည်သူများသည် မွန်ဘိုင်းမြို့ရှိ ဆရီဒေဝီ၏နေအိမ်ရှေ့သို့ လာရောက်စုဝေးနေကြပြီး သူမ၏နောက်ဆုံးခရီးအား လာရောက်နှုတ်ဆက်ကာ ဆုမွန်ကောင်းတောင်းပေးနေကြသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required