လက်နက်ဖျက်သိမ်းရေးစီမံချက် ပြန်လည်စတင်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မေတ္တာရပ်ခံ

လက်နက်ဖျက်သိမ်းရေးစီမံချက် ပြန်လည်စတင်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မေတ္တာရပ်ခံ

 

ဂျနီဗာ၊ ဆွစ်ဇာလန်၊ ဖေဖေါ်ဝါရီ ၂၇ ။          ။ လက်နက်ဖျက်သိမ်းရေးစီမံချက် ပြန်လည်အသက်ဝင်ရန်အတွက် ပဏာမခြေလှမ်းအသစ်ကို ချမှတ်သွားရ မည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တနင်္လာနေ့ကအဆိုပြုခဲ့ပြီး တစ်ရှိန်ထိုးမြင့်တက်လာသည့် လက်နက် ရောင်းဝယ်မှုများနှင့် နျူကလီးယားတင်းမာမှုတို့ကြောင့် ၎င်းတို့အားထိန်းသိမ်းရန် အားထုတ်မှုအသစ် လိုအပ်နေ ပြီဟု သတိပေးခဲ့သည်။

ကုလသမဂ္ဂ၏အကြီးအကဲဖြစ်သော အန်တိုနီယိုဂူတာရက်စ်က ယင်းစီမံချက်နှင့်ပက်သက်၍ အသေးစိတ် အချက်အလက်များကို အနည်းငယ်သာပြောဆိုခဲ့သော်လည်း အဓိကရည်မှန်းချက်မှာ ကမ္ဘာတစ်ဝန်းလက်နက် ဖျက်သိမ်းရေးမူဝါဒကို ချမှတ်သွားနိုင်ရန်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

မကြာသေးခင်နှစ်များအတွင်း ယင်းမူဝါဒနှင့်ပက်သက်၍ မတိုးသာမဆုတ်သာသော အခြေအနေများနှင့် ကပြောင်းကပြန်အခြေအနေများဖြစ်စေခဲ့ရသည့် နည်းလမ်းများကို သူ့အနေဖြင့် ကြီးမားသောပြောင်းလဲမှုကြီး ပြုလုပ်လိုကြောင်း ဂျနီဗာမြို့၌ပြုလုပ်ခဲ့သော ကုလသမဂ္ဂ၏ လက်နက်ဖျက်သိမ်းမှုညီလာခံ၌ ပြောခဲ့သည်။

နျူကလီးယားကင်းစင်တဲ့ကမ္ဘာမြေဖြစ်ဖို့ ကုလသမဂ္ဂအနေနဲ့ ရည်မှန်းချက်ထားလုပ်ဆောင်နေသော်လည်း မျှော်လင့်ချက်ရေးရေးသာရှိနေတဲ့ အခြေအနေကိုရောက်ရှိနေပြီး ကမ္ဘာကြီးမှာလည်း နျူကလီးယားလက်နက် ပေါင်း ၁၅၀၀၀၀ ခန့်တောင်ရှိနေပြီဖြစ်ကြောင်း ဂူတာရက်စ်က ဆိုခဲ့သည်။

ကုလသမဂ္ဂ၏ လက်နက်ဖျက်သိမ်းရေးညီလာခံသည် ပြည့်စုံခိုင်လုံသောသဘောတူညီချက်မျိုး ချမှတ်နိုင်ခြင်း မရှိပဲ မအောင်မြင်ပဲဖြစ်နေသည်မှာ ဆယ်စုနှစ် ၂စုကျော်ခန့် ရှိနေပြီဖြစ်ကာ ပါဝင်ဆွေးနွေးသောနိုင်ငံများ အနေ နှင့်လည်း တည်ဆဲသဘောတူညီချက် မချမှတ်နိုင်သည့်အတွက် တစ်ဦးပေါ်တစ်ဦးအပြစ်ပုံချလျက်ရှိသည်။

သို့သော်လည်း ဂူတာရက်စ်က သူ့အနေဖြင့် သူ၏ လက်နက်ဖျက်သိမ်းရေးထိပ်သီးသံတမန်ဖြစ်သူ ဂျပန်သံအမတ် အစ်ဇူမီနာကာမစ်ဆုအား အလုံစုံညွှန်ကြားထားပြီးဖြစ်ကြောင်းနှင့် လက်နက်ဖျက်သိမ်းမှု အခန်း ကဏ္ဍအား ကုလသမဂ္ဂ၏လုပ်ဆောင်ချက်နှင့် တစ်သားတည်းဖြစ်သွားအောင် လုပ်ဆောင်နိုင်မည့် နည်းဗျူဟာ များကို အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တင်ပြနိုင်အောင် အကြံပေးကူညီသွားဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required