မြန်မာပြည်ရဲ့ ပထမဦးဆုံး ကားစစ်ဆေးတန်ဖိုး သတ်မှတ်ပေးမယ့် TOYOTA AYE AND SONS ရဲ့ အကောင်းစား ဝန်ဆောင်မှု

မြန်မာပြည်ရဲ့ ပထမဦးဆုံး ကားစစ်ဆေးတန်ဖိုး သတ်မှတ်ပေးမယ့် TOYOTA AYE AND SONS ရဲ့ အကောင်းစား ဝန်ဆောင်မှု

TOYOTA AYE AND SONS မှ သတင်းကောင်းယူဆောင်လာပါပြီ။  ပြောင်းလဲနေတဲ့ ကားလောကအခြေအနေတွေကြောင့် ခေါင်းရှုပ်စိတ်ညစ်စရာမလိုတော့ပါဘူး။ “ကားစစ်ဆေးတန်ဖိုးသတ်မှတ်ခြင်း” (Car Assessment Service)လို့ခေါ်တဲ့ ပိုမိုကောင်းမွန်သည့်TOYOTAအစဉ်အလာမပျက်ထိန်းသိမ်းထားသောအဆင့်မီ ဝန်ဆောင်မှုတစ်ခုကို TOYOTA AYE AND SONSမှစတင် မိတ်ဆက်လိုက်ပါပြီ။ မြန်မာပြည်မှာပထမဆုံးသော ဝန်ဆောင်မှုဖြစ်ပါတယ်။

TOYOTA မှ အသိအမှတ်ပြု လက်မှတ်ရ ကျွမ်းကျင်စစ်ဆေးသူမှ ဂျပန်အပါအဝင်အာရှအဆင့်မီစစ်ဆေးတဲ့အတိုင်းသင့်ကားရဲ ့အပြင်ပိုင်း၊ အတွင်းပိုင်း၊ အင်ဂျင်၊ ဖရိန် စတာတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်ပေါင်း (၂၀၀) ကျော်ကိုအကဲဖြတ်စစ်ဆေးပေးပြီးသင့်ကားရဲ ့အရည်အသွေးအဆင့်သတ်မှတ်ချက် (Grade) နဲ့ခန့်မှန်းခြေဈေးကွက်ပေါက်ဈေး (Market Price) တို့ကိုသတ်မှတ်ပေးမှာဖြစ်ပါတယ်။  သင့်ကားကိုရောင်းထုတ်ဖို့စိတ်ကူးရှိတယ်ဆိုရင်တော့TOYOTA AYE AND SONSနဲ့ ချိတ်ဆက်ထားတဲ့ ရန်ကုန်မှာရှိသောကားအရောင်းစင်တာများနဲ့ ချိတ်ဆက်ပြီးရောင်းချနိုင်ဖို့လည်း ကူညီပေးသွားမှာပါ။ 

ဒီထူးခြားကောင်းမွန်တဲ့ ကားစစ်ဆေးခြင်း ဝန်ဆောင်မှုအတွက် မြန်မာငွေ (၁၄၀၀၀) ကျပ်သာကျသင့်မှာဖြစ်ပြီးTOYOTA AYE AND SONSမှပေးအပ်တဲ့ ကားစစ်ဆေးမှုရလာဒ်မှတ်တမ်း (Assessment Result Sheet) နဲ့အတူ Service Member Card ကိုရရှိမှာဖြစ်ပါတယ်။Assessment Result Sheetရရှိထားသောကားများကိုပြန်လည်ရောင်းချလိုတဲ့ Customerများအနေနဲ့ Market Price အတိုင်းရရှိပြီးအချိန်ကုန်သက်သာစေရန် TOYOTA AYE AND SONS နှင့်ချိတ်ဆက်ထားသောအရောင်းစင်တာများမှ တဆင့်ရောင်းချပေးလျက် ရှိပါတယ်။ TOYOTA AYE AND SONS Service Member Card ရရှိသွားတဲ့အတွက်လည်းTOYOTA AYE AND SONSရဲ့ အခြားသော ဝန်ဆောင်မှုတွေအပေါ်မှာ Discounts တွေ ရရှိနိုင်တော့မှာပါ။  TOYOTA AYE AND SONSရဲ့ Premium Member Card ရှိပြီးသားသူတွေအတွက်ကတော့ကားစစ်ဆေးခြင်းဝန်ဆောင်မှုတစ်ကြိမ် အခမဲ့ရယူနိုင်ပါတယ်။

ကဲ.. ဒါဆိုဘာကိုစောင့်နေဦးမှာလဲ။ သင့်ကားကိုစစ်ဆေးဖို့ အခုပဲအောက်မှာဖော်ပြထားတဲ့Link ကိုဝင်ရောက်စာရင်းသွင်းလိုက်ပါတော့။ စာရင်းသွင်းပုံသွင်းနည်းအဆင့်ဆင့်(step by step)ကိုဖော်ပြပေးလိုက်ပါတယ်။

ပထမအဆင့်    ။ အောက်ဖော်ပြပါ TOYOTA AYE AND SONS Link ကို ဝင်ပါ။

                   http://assessment.toyota-myanmar.com/#/login

ဒုတိယအဆင့်   ။ Sign-up and Log-in ပြုလုပ်ပါ။ (စာရင်းသွင်းပြီးမိမိအကောင့်ကို ဝင်ရောက်ပါ။)

တတိယအဆင့်  ။ သင့်ကားအချက်အလက်တွေကိုထည့်သွင်းပြီးသင်လာရောက်နိုင်မည့်နေ့နှင့်အချိန်ကိုရက်ချိန်း (appointment) ပြုလုပ်ပါ။

စတုတ္ထအဆင့်   ။ သင် ရယူထားတဲ့ရက်ချိန်းအတိုင်းTOYOTA AYE AND SONSသို့လာခဲ့ပါ။

ပဉ္စမအဆင့်      ။ စစ်ဆေးချိန် ၁ နာရီခန့်စောင့်ဆိုင်းပြီး သင့်ကားရဲ့ အဆင့်သတ်မှတ်ချက်(Grade) နဲ့ ခန့်မှန်းဈေးကွက်ပေါက်ဈေး(Market Value) ကိုသိရှိနိုင်မှာ ဖြစ်ပါတယ်။

ကားချစ်သူများ ပျော်ရွှင်သောမိသားစုဘ၀ ပိုင်ဆိုင်နိုင်ကြပါစေ။

TOYOTA AYE AND SONS

ကားစစ်ဆေးတန်ဖိုးသတ်မှတ်ခြင်းဝန်ဆောင်မှု (Assessment Service) ပြုလုပ်လိုသူများအနေနဲ့ အောက်ဖော်ပြပါ Link မှတဆင့် Booking ရက်ချိန်း ပြုလုပ်နိုင်ပါတယ်။

http://assessment.toyota-myanmar.com/#/login

အသေးစိတ်သိရှိလိုပါက

လိပ်စာ- Toyota Aye and Sons (T.T.A.SCo.,Ltd.)

No. 87(A), ပုလဲကွန်ဒိုအရှေ့ ,ကမ္ဘာအေးဘုရားလမ်း , ရန်ကုန်မြို့၊

ဖုန်းနံပါတ် - 09954400950, 09954502206,01-400950,01-502206ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly