သိုင်းရွိုက်အကျိတ်ပြသနာကြောင့် ခွဲစိတ်ကုသမှုခံယူရတော့မည့် ကင်မ်ယူးဂျန်

သိုင်းရွိုက်အကျိတ်ပြသနာကြောင့် ခွဲစိတ်ကုသမှုခံယူရတော့မည့် ကင်မ်ယူးဂျန်

Love in the Moonlight ဒရာမာဇာတ်လမ်းတွဲနှင့်အတူ ခေါင်းဆောင်မင်းသမီးတစ်လက်ဖြစ်လာသည့် နာမည်ကျော်တောင်ကိုရီးယားမင်းသမီးလေး ကင်မ်ယူးဂျန်သည် သိုင်းရွိုက်အကျိတ်ပြသနာကြောင့် ခွဲစိတ်ကုသမှု ခံယူရတော့မည်ဟု သိရသည်။

သူမနှင့်နီးစပ်သူများက “ကင်မ်ယူးဂျန်ဟာ အခုတစ်လော ကျန်းမာရေးသိပ်မကောင်းပါဘူး။ဒါကြောင့် သူမဟာ ဆေးရုံသို့သွားပြခဲ့ပါတယ်။ သူမဟာ သိုင်းရွိုက်အကျိတ် အရေးပေါ်ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် သူမရဲ့အနုပညာလုပ်ငန်းတွေကို လအနည်းငယ်ကြာအောင် ရပ်တန့်ထားရမှာဖြစ်ပြီး ခွဲစိတ်ကုသဖို့နဲ့ နလန်ထူလာဖို့ကိုပဲ အာရုံစိုက်ရတော့မှာဖြစ်ပါတယ်” ဟု မင်းသမီး၏အခြေအနေနှင့်ပက်သက်၍ ပြောကြားခဲ့သည်။

ကင်မ်ယူးဂျန်သည် လောလောဆယ်တွင် First, Clean Passionately ဆိုသော ဒရာမာဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်ဖို့ ပြင်ဆင်နေသူဖြစ်သည်။ သူမသည် ဇာတ်ညွှန်းဖတ်ကြားမှုနှင့် ဇာတ်ကွက်အချို့ရိုက်ကူးမှုကို ပြုလုပ်ထားခဲ့ပြီးပြီဖြစ်သော်လည်း သူမ၏ ကျန်းမာရေးအခြေအနေကြောင့် ဒရာမာရိုက်ကူးရေးကို မစနိုင်သေး ကြောင်း သိရသည်။

ထိုဒရာမာဇာတ်လမ်းတွဲ၏ တာဝန်ရှိသူများက “ ကင်မ်ယူးဂျန်ရဲ့ ကျန်းမာရေးအခြေအနေကို ကျနော်တို့ အခုပဲ စစ်ဆေးကြည့်ဖို့လိုအပ်နေပါတယ်။ သူမပြန်ကောင်းမွန်လာဖို့ ဘယ်လောက်အချိန်ယူရမလဲဆိုတာကို ကျနော် တို့ စစ်ဆေးနေပါတယ်” ဟု ပြောခဲ့သည်။

ထိုဒရာမာဇာတ်လမ်းတွဲကို ကနဦးက လာမည့်ဧပြီလတွင် ထုတ်လွှင့်ပြသသွားရန်စီစဉ်ထားသော်လည်း ယခုအခါတွင် မင်းသမီး၏ကျန်းမာရေးကြောင့် အချိန်အတော်ကြာအောင် စောင့်ဆိုင်းရတော့မည်ဖြစ်သည်။

Ref: Allkpop

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly