နိုင်ငံတကာအကူအညီများ ထိရောက်မှု ရှိစေရေး ဆွေးနွေးပွဲ ကျင်းပ

နိုင်ငံတကာအကူအညီများ ထိရောက်မှု ရှိစေရေး ဆွေးနွေးပွဲ ကျင်းပ
ဓာတ်ပုံ - မင်းမင်း

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆ ။              ။ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ၂တွင် ယနေ့ ဖေဖော်ဝါရီ ၂၆ရက်နေ့က နိုင်ငံတကာအကူအညီများနှင့် ပတ်သက်ပြီး   မြန်မာနိုင်ငံ၏ဖွံ့ဖြိုးမှုအကူအညီများထိရောက်မှုရှိစေရေး ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ကာ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်တိုင်းဒေသကြီးအစိုးရမှ တာဝန်ရှိသူများ၊ INGOများ၊ UMFCCIမှ တာဝန်ရှိသူများ၊ လွှတ်တော်မှ တာဝန်ရှိသူများ နှင့် ဖွံဖြိုးမှု မိတ်ဖက်နိုင်ငံပေါင်း ၈၀မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

“အဓိကကတော့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ကျွန်တော်တို့မှာ တာဝန်ရှိတဲ့ အစိုးရနဲ့ ပြည်သူနဲ့ အတူလက်တွဲလုပ်ကိုင်ဆောင်ရွက် နေကြတဲ့ ကျွန်တော်တို့ ရဲ့ ဖွံ့ဖြိုးမှု မိတ်ဖက်တွေ ကျွန်တော်တို့ကတော့ Cooperation partner Group လို့ခေါ်ပါတယ်။အဲ့သက်ဆိုင်ရာ အဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ဒီနေရာမှာ ပွင့်ပွင့်လင်းလင်းရင်းရင်းနှီးနှီးဆွေးနွေးကြမယ်”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင် ကပြောသည်။

ယနေ့ အစည်းအဝေးနှင့်ပတ်သက်ပြီး နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းဇော် က “သာမန်အားဖြင့် ပြောရင် ဘယ်ဟာတွေက ဦးစားပေးလို့ပြောရင်တော့ လူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဝင်ငွေတွေ ရရှိစေမယ့် လုပ်ငန်းမျိုးတွေ ဖွံ့ဖြိုးလာဖို့ အရေးကြီးတယ်။အဲ့တာ ဦးစားပေးပဲ။အဲ့တာကို အဲ့လိုကြီးပြောတော့ကျ ကျယ်ကျယ်ပြန့်ပြန့်ကြီးဖြစ်နေတယ်။ အဲ့တာတွေက ဘာတွေလဲ လို့ ထပ်ပြီးတော့ အသေးစိတ်ရတော့မယ်။ တိတိကျကျပြောကြေးဆိုရင် လျှပ်စစ်နဲ့ ကျေးလက်လမ်း အဲ့တာတွေ ဦးစားပေးဖို့။ အဲ့နှစ်ခုက အရေးကြီးတယ်” ဦးထွန်းဇော်က ပြောကြားသည်။

ယနေ့အစည်းအဝေးကို အစိုးရအဖွဲ့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားဆွေးနွေးခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly