အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများ

အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများ

ရေးသားသူ Phyo Pyae Pyae
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

Vaseline လို့ဆိုလိုက်တာနဲ့ အဖုံးအပြာလေးနဲ့ ဗူးလေးကို မျက်စိထဲ မြင်ယောင်မိကြမှာပါ။ Vasline မှာ အလှအပအတွက် ကောင်းကျိုးတွေ အများကြီး ရှိနေတဲ့အပြင် တော်တော်လေးလည်း အသုံးဝင်ပါတယ်။ ပျိုပျိုမေလေးတို့ Skin care တွေ အများကြီး ဆောင်စရာမလိုဘဲ Vaseline လေး ရှိနေရင်ကို အဆင်ပြေနေပြီနော်။ ဘယ်နေရာမှာ ဘာတွေအသုံးဝင်သလဲဆိုတာ ပြောပြမယ်နော်။

Vaseline ဟာ mineral အဆီနဲ့ ဖယောင်းတွေ ပါဝင်တဲ့ တစ်ရာ ရာခိုင်နှုန်းသော petroleum jelly နဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး အသားအရေအတွက် ကောင်းဖို့အတွက် အဓိက ပစ္စည်းတစ်မျိုးပါ။

ဝက်ခြံ

ဝက်ခြံအတွက်လည်း Vaseline ကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဝက်ခြံပေါ် တိုက်ရိုက်တော့ မလိမ်းပါနဲ့။ တစ်ရှူးစလေး ခံပြီးလမ်းတာမျိုးတော့ လုပ်နိုင်ပါတယ်။ Vaseline ဟာ ဝက်ခြံမထွက်ဖို့ ကူညီပေးနိုင်ပါတယ်။ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေ မဝင်ရောက်နိုင်အောင် ကာကွယ်တားဆီးပေးပါတယ်။

မိတ်ကပ်ဖျက်ခြင်း

မျက်လုံးဆိုးတဲ့ liner တွေ၊ နှုတ်ခမ်းနီတွေနဲ့ မိတ်ကပ်တွေ မျက်နှာပေါ်မှာ ကျန်ရှိနေတာကို ဖျက်ချင်ရင်လည်း Vaseline ကို သုံးလို့ ရတယ်နော်။ တစ်ခါတစ်လေမှာ အသုံးပြုတဲ့ အဆီတွေ၊ Cleanseing ပစ္စည်းတွေက ကိုယ့်အသားအရေနဲ့ မတည့်ဘဲ အရေပြား ရောင်ရမ်းတာတွေ၊ အလာ့ဂျစ် ဖြစ်တာတွေရှိတယ်ဆိုရင် Vaseline လေးနဲ့ ဖျက်နိုင်ပါတယ်နော်။ နှုတ်ခမ်းနီ ဖျက်မယ်ဆိုရင် လက်လေးနဲ့ ယူပြီး နှုတ်ခမ်းပေါ်မှာ သာသာလေး ပွတ်လိုက်ရုံပါပဲ။ မိနစ်နည်းနည်းလောက် ထားပြီးရင်တော့ တစ်ရှူးစလေးနဲ့ ဖယ်ရှားလိုက်လို့ ရပါပြီ။ မျက်လုံးက အရောင်တွေ ဖယ်ရှားဖို့လည်း ဒီလိုနည်းနဲ့ လုပ်နိုင်ပါတယ်။

Night Cream

Night cream တွေ ဘာသုံးရမှန်းမသိ ဖြစ်နေရင်တော့ Vaseline လေးသာ လိမ်းလိုက်ပါ။ အသားအရေကို ကြည်လင်တောက်ပစေပြီး နူးညံ့စေကာ ချွေးပေါက်ဖြစ်တာတွေ မရှိအောင် ကူညီပေးပါတယ်။ အစိုဓါတ်ကို ထိန်းထားပေးတဲ့အပြင် အသားအရေ ခြောက်သွေ့တာတွေ မဖြစ်နိုင်တော့ပါဘူး။ အသားအရေကိုလည်း ပြန်လည်ပြီးတော့ အရောင်ညှိပေးတဲ့အတွက် နေ့ခင်း နေပူထဲ ထွက်ရလို့ ဖြစ်တဲ့ နေလောင်ကွက်တွေ လျော့စေပါတယ်နော်။

ဆံပင်

ဗောက်တွေထပြီး ဦးရေပြားတွေ ခြောက်သွေ့နေတယ်ဆိုရင် ခေါင်းမလျှော်ခင်မှာ Vaseline လေး လိမ်းလိုက်ပါ။ ပြီးရင် ညင်သာစွာ နှိပ်နယ်ပေးပါ။ နောက်မှ ခေါင်းလျှော်ပါ။ ဆံပင်တွေ ကျွတ်တာ၊ ကျိုးကြေပျက်စီးတာနဲ့ ဆံသားမကောင်းတာတွေကိုပါ သက်သာစေနိုင်ပါတယ်။

တံတောင်ဆစ်နဲ့ ဒူး

တံတောင်ဆစ်နဲ့ ဒူးမှာ အမည်းတွေ ရှိနေလို့ စိတ်ညစ်နေရတယ်ဆိုရင်တော့ Vaseline လေး လိမ်းပေးပါနော်။ အမည်းတွေ မြန်မြန်ပျောက်စေပြီး ချောမွေ့စေပါတယ်။

မျက်တောင်

မျက်တောင်ကော့ဆေးတွေ သုံးမိပြီး ဖျက်ရခက်နေတယ်ဆိုရင်တော့ Vaseline လေးကို မျက်တောင်မှာ လိမ်းပြီး ခဏနေမှ တစ်ရှူးလေးနဲ့ ဖျက်လိုက်ပါ။ မျက်တောင်လေးတွေ ပိုရှည်ဖို့ အထောက်အကူပြုပြီး ထူထူလေးလည်း ဖြစ်လာမှာ အသေအချာပါပဲနော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required